Home သတင်း ချင်းမိုင်မြို့မှာ မွန်အမျိုးသားကောလိပ် MNCနဲ့ ချင်းမိုင် CMRU တက္ကသိုလ်တို့ MoU လက်မှတ်ရေးထိုးနိုင်ခဲ့

ချင်းမိုင်မြို့မှာ မွန်အမျိုးသားကောလိပ် MNCနဲ့ ချင်းမိုင် CMRU တက္ကသိုလ်တို့ MoU လက်မှတ်ရေးထိုးနိုင်ခဲ့

21
0

CNA၊ ဇန်နဝါရီ၊ ၁၆။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မွန်အမျိုးသားကောလိပ် MNCနဲ့ ချင်းမိုင် CMRU တက္ကသိုလ်တို့ ဇန်နဝါရီလ ၁၅ရက်နေ့တုန်းက MoU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသား ဖလှယ်ရေး၊ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်တွေနဲ့ ချင်းမိုင် Rajabhat University မှာ ဘွဲ့ဒီဂရီတက်ရောက်သင်ကြားနိုင်ရေးတွေအတွက် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဆိုပါတယ်။

လက်မှတ်ရေးထိုးတဲ့အခမ်းအနားကို ချင်းမိုင်မြို့ Chiang Mai Ragabhat University (CMRU) တက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ အဆိုပါအခမ်းအနားမှာ CMRU ပါမောက္ခ Assoc Prof. Dr. Chatri Maneekosol နဲ့ မွန်အမျိုးသားကောလိပ် MNC ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်တို့က နားလည်မှု စာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် MoU လက်မှတ်ရေးထိုးပွဲကို Rajabhat University ခေတ္တဥက္ကဌ ပါမောက္ခ Assoc Prof. Dr. Chatri Maneekosol နှင့် Asst Prof. Dr. Dusadee Rangsichatchawan, Assistant President, Prof. Dr. Worasuda Wattanawong, Office of Director နိုင်ငံတကာရေးရာနှင့် လက်ထောက်ပါမောက္ခ Kamolwan Sangseekaew၊ International College ရဲ့ ဒုတိယဌာနမှူးနဲ့ မွန်အမျိုးသားပညာရေးကော်မတီ MNEC ဥက္ကဌ နိုင်အေးမွန်၊ မွန်အမျိုးသားကောလိပ် MNC ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်၊ မွန်အမျိုးသားပညာရေးကော်မတီအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မွန်အမျိုးသားကောလိပ် MNCဟာ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာရှိပြီး၊ အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့အခြေစိုက် Purdue တက္ကသိုလ်နှင့်လည်းကောင်း၊ ထိုင်းနိုင်ငံ Payap တက္ကသိုလ်နှင့်လည်းကောင်း ပညာရေးပူးပေါင်းဖလှယ်ရေးအတွက် MoU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here