စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော့တို့ရဲ့ နှစ်ဖက် ပတ်ခတ်သံတွေ ကြားနေရတယ်လို့ စစ်တွေမြို့ခံတွေကပြောပါတယ်။
စစ်တွေမြို့ အမှတ် ၁၂ တပ်ရင်းက မနေ့ကတည်းကပင် လက်နက်ကြီးပစ် ခတ်တာတွေလုပ်ဆောင်တာရှိသလို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ပြီးတဲ့ နောက် ဒီနေ့မနက်ပိုင်းမှာ အခုလို နှစ်ဖက် ပစ်ခတ်သံတွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ စစ်တွေမြို့ခံတစ်ဦးကပြောပါတယ်။
“စစ်ကောင်စီကတော့ မနေ့ကတည်းကပင်လက်နက်ကြီးတွေ နဲ့ ပစ်နေတာတွေ ရှိတယ်။လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ဘယ်နေရာတွေကိုပစ်နေလဲတော့မသိဘူး။အပြန်အလှန် ပစ်ခတ်သံကတော့ကတော့ ဒီနေ့ မနက်ပိုင်းမှာကြားလာရတာဖြစ်တယ်”လို့သူကဆိုပါတယ်။
အာရက္ခတပ်တော်ဟာ အမ်း နဲ့ ဂွမြို့တွေကို သိမ်းပိုက်ပြီးနောက်ပိုင်းမြန်မာ နိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်တွေကို စစ်ရေး နဲ့ဖြေရှင်းတာထက်နိုင်ငံရေး နည်းလမ်းတွေ နဲ့ဖြေရှင်းဖို့ အမြဲအသင့် ရှိနေတယ်လို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပြီး နောက်မှာ စစ်ကောင်စီဖက်က စစ်ရေးကိုသာ ဆက်တိုက်ပြင်ဆင်လာတဲ့ အတွက် အခုလို အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်တွေမြို့အနီးမှာ ပစ်ခတ်သံတွေ ပြန်လည်ကြားလာရတာလည်းဖြစ်ပါတယ်။
ရခိုင်စစ်ရေး အခြေအနေကို စောင့်ကြည့်လေ့လာနေသူတစ်ဦးပြောတာက“နှစ်ဖွဲ့လုံးကတော့ ဆွေးနွေးပွဲစကားဝိုင်းကို ဖိတ်ထားပေမယ့် စစ်ကောင်စီကဆက်တိုက်စစ်ရေးပြင်ဆင်နေတော့ ဆွေးနွေးပွဲကမဖြစ်လာတာသေချာတယ်။ပြီးတော့ စစ်ကောင်စီက အေအေက နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းမယ်ပြောကတည်းကပင် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာကိုလုပ်နေတော့ သူတို့ မဆွေးနွေးဘူးဆိုတာကို ပြချင်တာဖြစ်တယ်။အဲဒါကြောင့် အခုလို ပစ်ခတ်သံတွေ ထွက်လာတာပေါ့ ။ဒါပေမယ့် တိုက်ပွဲက ပြန်စလာပြီလားဆိုတော့ ပြောရဖို့က နည်းနည်းစောနေသေးတယ်လို့” သူကသုံးသပ်ပြောဆိုပါတယ်။
ရခိုင်မှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကပင် တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်က ပလက်ဝဒေသ အပြင် ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။
အဲဒီနောက် လက်ရှိမှာ အာရက္ခတပ်တော်ဟာ တရုတ်စီမံကိန်းရှိတဲ့ ကျောက်ဖြူမြို့အပါအဝင် ရခိုင်ပြည် ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေ မြို့ နဲ့ မာန်အောင်မြို့ ၃ မြို့နယ်ကိုသာ သိမ်းပိုက်ဖို့သာကျန်ရှိနေတော့တာလည်း ဖြစ်ပါတယ်။
CNA၊လင်းလင်း။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.