
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို မကောင်းတဲ့အိမ်နီးချင်းနိုင်ငံအဖြစ် ၂၀၂၄ ခုနှစ်အတွင်းမှာ ထင်သူပိုများပြားလာတယ်လို့ ISP – Myanmar ရဲ့ သုတေသန မှတ်တမ်းတွေကဖော်ပြလာပါတယ်။
ISP – Myanmarက တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့လူကျော် လူမော်တွေရဲ့အမြင်ကို စစ်တမ်းကောက်ယူ သုတေသနပြုလေ့လာနေ တဲ့ အနေအထားအရ သိရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ISP – Myanmarရဲ့ ၂၀၂၂စာတမ်းအရ ၁၀၀ ရာခိုင်နှုန်းမှာ ၅၅ရာခိုင်နှုန်းဟာ တရုတ်ကိုမကောင်းတဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် ထင်ကြသူတွေ ရှိကြပြီး ၂၀၂၃ခုနှစ်မှာတော့ ၁၀၀ရာခိုင်နှုန်းမှာ ၅၄ရာခိုင်နှုန်းက တရုတ်ကိုမကောင်းတဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် ရာခိုင်နူန်းတိုးကာ ထင်လာကြတယ်လို့ ISP – Myanmar ရဲ့ စစ်တမ်းကဖော်ပြပါတယ်။
အဲဒီနောက် ၂၀၂၄ခုနှစ်မှာတော့ တရုတ်ဝါ အိမ်နီးချင်းကောင်းမဟုတ်ဘူးဆိုတာကို ၁၀၀ ရာခိုင်နှုန်းမှာ ၆၈ရာခိုင်နှုန်းအထိတိုးလာခဲ့ပြီး တရုတ်ကိုမကောင်းတဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် ထင်သူပိုများပြားလာတယ်လို့ ISP – Myanm ar ရဲ့ စစ်တမ်းကဖော်ပြထားပါတယ်။
၂၀၂၄ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိဟာ နေပြည်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်ဝန်ထမ်းတွေနဲ့ တရုတ်စီမံကိန်းတွေကို လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းပေးဖို့ နဲ့ ပြည်ပအင်အားစုတွေ မြန်မာပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာကို ဆန့်ကျင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်အနေနဲ့လည်း ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်တဲ့ အခြေခံမူကိုလက်ကိုင်ထားတယ်လို့ မစ္စတာဝမ်ယိက ပြောပေမယ့်၊ တရုတ်နိုင်ငံကို မကောင်းတဲ့ အိမ်နီးချင်းနိုင်ငံအဖြစ်တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့လူကျော် လူမော်တွေရဲ့အမြင် စစ်တမ်းက ရှု့မြင်ထားကြပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့ ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းမှာဆိုရင် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို အပစ်ခတ်ရပ်စဲဖို့ ဖိအားပေးတာတွေကို တွေ့ရသလို စစ်ကောင်စီ နဲ့ ပူးပေါင်းကာ ကုန်စည်စီးဆင်းမှုတွေကို ပိတ်ပင်ခဲ့သလို တိုင်းရင်းသားလက် နက်ကိုင်တွေကို နည်းလမ်းမျိုးစုံ နဲ့ ခြိမ်းခြောက် အကြပ်ကိုင်တာတွေကို လုပ်ခဲ့ပါတယ်။
မကြာသေးမီရက်ပိုင်းကလည်း တရုတ်ဟာ MNDAAနဲ့ စစ်ကောင်စီတို့ အပစ်ခတ်ရပ်စဲလိုက်ပြီလို့ ကြေညာခဲ့ပြီး၊ MNDAA နယ်မြေထဲကို ပိတ်ပင်ထားတဲ့ လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့်တွေကို တရုတ်အစိုးရရဲ့ ညွှန်ကြား ချက်နဲ့ UWSAက ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။
ဒီလို အပစ်ရပ်သဘောတူညီချက်ထဲမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလိုင်းမှာ စစ်ကောင်စီလက်ထဲကနေ MNDAAက သိမ်းပိုက်ရရှိထားတဲ့ လားရှိုးမြို့က နေလည်း တရုတ်ရဲ့ ဖိအားကြောင့် MNDAAဟာ တပ်ဆုတ်ထွက်ခွာရမယ်ဆိုတဲ့ သတင်းတွေလည်း မြန်မာပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေ အရသိရပါတယ်။
ဒါပေမယ့် အပစ်ခတ်ရပ်စဲလိုက်တာနဲ့ ပတ်သက်ပြီး MNDAAနဲ့ စစ်ကောင်စီ တို့ကတော့ တစုံတရာထုတ်ပြန်တာမျိုးမရှိပါဘူး။
ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ တရုတ်စီမံကိန်း ၂၃ခုရှိတဲ့အထဲက ၁၃ခုကို တိုင်းရင်း သားလက်နက်ကိုင်းတွေနဲ့ တော်လှန်ရေးတပ်တွေက အပြည့်အဝထိန်းချုပ်ထားတယ်လို့ ISP – Mya nmar ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာဆိုရင်လည်း တရုတ်စီမံကိန်း ၁၁ခုရှိပြီး အဲ့ဒီစီမံကိန်း အားလုံးကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတယ်လို့ ISP – Myanmarက ဆိုပါတယ်။