ဒီနေ ဇန်နဝါရီ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီက ကျောက်မဲမြို့ ညစျေးတန်း နဲ့ ခရိုင်ရုံး ကို လေကြောင်းကထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီခလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ် ၅ လုံးထက်မနည်းဟာလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက် နေ့မှာလည်း အရပ်သားပြည်သူတွေကို ဆေးကုသပေးနေတဲ့ ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDMဆရာမ (၂)ဦး အပါအဝင်လူနာ (၁)ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ကျန်းမာရေးဝန်ထမ်းတွေ၊ CDMဝန်ထမ်းတွေ နဲ့ ဆေးဝါးကုသခံနေတဲ့ အရပ်သားပြည်သူ (၂၀)ကျော်ဟာလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့နေရာဖြစ်သလို အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့နေရာတွေ ဖြစ်တယ်လို့လည်း TNLA ကဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူများအနေနဲ့ လေကြောင်း အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် စစ်ရေးသတိအမြဲရှိဖို့လိုအပ်သလိုလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ရန်ဖို့ TNLA ကတိုက်တွန်းပြောဆိုထားပါတယ်။