Home သတင်း စစ်ရေး ပဲခူးတိုင်း တိုက်ပွဲအတွင်းက စစ်ကောင်စီဆီကနေ သိမ်းပိုက်ရရှိထားတဲ့ စစ်လက်နက်တွေကို အေအေ စစ်ဦးစီးချုပ်ထုတ်ဖော်ပြသ

ပဲခူးတိုင်း တိုက်ပွဲအတွင်းက စစ်ကောင်စီဆီကနေ သိမ်းပိုက်ရရှိထားတဲ့ စစ်လက်နက်တွေကို အေအေ စစ်ဦးစီးချုပ်ထုတ်ဖော်ပြသ

62
0
ပုံ၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ X အကောင့်

ပဲခူးတိုင်း တိုက်ပွဲအတွင်းက စစ်ကောင်စီဆီကနေ သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်း နဲ့ အာရက္ခစစ်သည်တော်တွေ ရဲ ပုံရိပ်တချို့ကို အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံက သူရဲ့ လူမှုကွန်ယက် X အကောင့်ကနေ ဒီနေ့မှာ ထုတ်ဖော်ပြသလာပါတယ်။

အာရက္ခတပ်တော် ဟာ ရခိုင်ပြည်အတွင်းက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာအမ်း အပါအဝင် တောင်ကုတ်၊ ဂွမြို့ တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ ရခိုင်ရိုးမ နဲ့ နယ်နိမိတ် ထိစပ်လျက်ရှိနေတဲ့ ရိုးမတောင်တန်း နဲ့ ရခိုင် – ပဲခူးအစပ်၊ ရခိုင် – မကွေးအစပ်၊ ရခိုင် – ဧရာဝတီတိုင်း အစပ် နဲ့ ရခိုင်ရိုးမ -ဧရာဝတီတိုင်းအစပ် မှာရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေတာပါ။

ဒီနေ့ အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ဖော်ပြသလာတဲ့ ပဲခူးတိုင်းဒေသကြီးမှ လှိုက်လှဲပျူငှာစွာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ အတူ စစ်ကောင်စီဆီကနေ သိမ်းဆည်းရမိထားတဲ့ ဒရုန်း အပါအဝင် စစ်လက်နက် ပစ္စည်း များစွာကို သိမ်း ဆည်း ရမိထားတာ နဲ့ အတူ အာရက္ခတပ်တော်ရဲ့ စစ်သည်တော်တွေကိုမြင့်တွေ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်နက်သိမ်းဆည်း ရရှိမှု နဲ့ တိုက်ပွဲ အခြေအနေတွေကိုတော့ ထည့်သွင်းရေးသားထားတာ မတွေ့ရပါဘူး။

အာရက္ခတပ်တော် ရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အမ်းမြိုနယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီးမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ အပြန်အလှန် ထိုးစစ်၊ ခံစစ်တွေ နဲ့ အတူ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာဟာ တစ်ပတ်ကျော် ကြာမြင့်နေပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မိတ္ထီလာမြို့အခြေစိုက် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၉၉) နှင့် မကွေးမြို့အခြေစိုက် အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၈၈) လက်အောက်ခံတပ်ရင်းများ၊ မကွေးမြို့အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်ဖွဲ့ဝင်များပါဝင်တဲ့ စစ်ကောင်စီ တပ်ရင်းတွေ နဲ့လည်း ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းကပင် တိုက်ပွဲစတင်ဖြစ်ပွားတာတွေ ရှိနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့်လည်းစစ်ကောင်စီတပ်သားတွေဟာ အထိအခိုက် အကျအဆုံးများစွာ နဲ့ တပ်တွေဆုတ်ခွာထွက်ပြေးရတာလည်း အကြိမ်ကြိမ် ရှိနေပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တစ်ပတ်ကျော် ကြာတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီရဲ့ အလောင်းအမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့သလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတိုကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရန်သူသုံပန်းတချိုကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော်က ပုံနဲ့တကွ ထုတ်ပြန်ပြောဆိုထားတာလည်း ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရခိုင် နဲ့ ဧရာဝတီတိုင်း အစပ်က နေရာတချို့၊ ပွိုင့် (၃၆၉) ကုန်း နဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးနေတာတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီရခိုင် နဲ့ ဧရာဝတီတိုင်းအစပ်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲအခြေအနေအသေးစိတ်ကို အေအေ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here