CNA ၊ လင်းလင်း။
မင်းပြားမြို့နယ်အတွင်းမှာ ဒီနှစ်မိုးရာသီအတွင်း ရေဘးဒဏ်ကြောင့် စပါးတွေ ပျက်စီးမှု ရှိခဲ့ရသလို ထွက်ရှိတဲ့ စပါးတွေကိုလည်း ဝယ်ယူမယ့်သူတွေ မရှိတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတောင်သူတွေက ဆိုကြပါတယ်။
မင်းပြားမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဖုံသာချောင်း အနီးတဝိုက်က ကျေးရွာတွေကို ရေကြီးရေလျှံမှု ဖြစ်ပွါးခဲ့တဲ့ အတွက် ဖုံသာချောင်းတလျှောက်မှာ ရှိတဲ့ စပါးစိုက်ခင်းများစွာဟာ ရေနစ်မြုပ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
အဲဒီလိုရေဘေးဒဏ်ကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးသွားတဲ့ အတွက် ဒီနှစ်စပါးသီးနှံထွက်နူန်းဟာလည်း လျှော့နည်းသွားခဲ့ရသလို မပျက်စီးပဲ ကျန်ရှိနေခဲ့တဲ့ စပါးခင်းတွေက ရရှိလာတဲ့ စပါးတွေကိုလည်း ဒေသအတွင်း ဝယ်ယူမယ့်သူ မရှိဖြစ်နေတယ်လို့ မင်းပြားဒေသခံ တစ်ဦးကပြောပါတယ်။
“တောင်သူတွေရဲ့ အခြေအနေကို ပြောရရင်တော့စပါးတွေလည်း မိုးတွင်းမှာ ပျက်စီးတာတွေ ရှိတယ်လို့ တော်တော် များများကတော့ပျက်စီးမှု ရှိခဲ့တယ်။ အခုလည်း ရတဲ့ စပါးတွေကို ရောင်းတာ ဝယ်မယ့်သူကတော့ မရှိဘူးဖြစ်နေတယ်။အဓိကတော့ ကုန်သည်တွေ မရှိတာ၊ပြီးတော့ ဒေသကလူတွေကလည်း အလုပ်အကိုင်မရှိတဲ့ အတွက် ဝယ်လိုအားမရှိတာ ဖြစ်တယ်လို့”သူက ဆိုပါတယ်။
လက်ရှိဒေသအတွင်းမှာ ပေါ်ဆန်းမွေးစပါး တောင်း ၁၀၀ ကို ၇၀၀၀၀၀ ကနေ ၈၀၀၀၀၀ ဝန်းကျင် ဈေးရှိနေပေမယ့် အဲဒီစျေးတွေ နဲ့ စပါးဝယ်ယူမယ့်သူ မရှိတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမား အများစုဟာ အရင်အထက်ထက်ကတည်းကပင် နှစ်စဉ်အရှုံးနဲ့ ရင်ဆိုင်လာခဲ့ရတာတွေ ရှိပေမယ့် ရရှိလာတဲ့ ဆန်းစပါးတွေကို လွယ်လင့်တကူ ရောင်းချလို့ ရတဲ့ အခါမှာ အရှုံး နဲ့ ရင်ဆိုင်ရပေမယ့် ငွေလိုအပ်ချိန်မှာ အလွယ်တကူ ရောင်းချလို့ ရခဲ့တာကြောင့် အဆင်ပြေမှုတွေ ရှိခဲ့တဲ့ အနေအထားမှာ ရှိခဲ့တယ်လို့လည်း နောက်ထပ် မင်းပြားမြို့နယ် အတွင်းက တောင်သူ တစ်ဦးကဆိုပါတယ်။
“အရင်ကတည်းကပင် တောင်သူတွေက မြတ်တာတော့ မဟုတ်ဘူး။လှည့်သာပတ်သာ အဆင့်လောက်နဲ့သာ ရပ်တည်ကြရတာ။မိရိုးဖလာ လုပ်စားလာတဲ့ အလုပ်ဆိုတော့လည်း လွှင့်ပသ်လို့လည်းမရဘူးပေါ့။ဒါပေမယ့် အရင်နဲ့ အခု ဘာကွာလဲဆိုတော့ အခုက ဝယ်မဲ့သူမရှိတာပေါ့ အရင်ကတော့ စျေးနည်းပေမယ့်ရောင်းမယ်ဆိုရင် ဝယ်သူရှိတော့အဆင်ပြေတယ်။အဓိက စေ◌ျးကွက်တစ်ခု ရှိရင်တော့ မဆိုးတဲ့ အနေအထားမှာ ရှိတာပေါ့လို့”သူကဆိုပါတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်အတွင်းက ကုန်းလမ်းရေလမ်းတွေကို အကုန်ပိတ်ဆို့တားမြစ်ကန့်သတ်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီနောက် အာရက္ခတပ်တော်ဟာ မင်းပြားမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါ ရီလ (၂၆) နေ့မှာအပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးလက်ရှိမှာ မင်းပြားဟာ အာရက္ခတပ်တော်ရဲ့ ထိန်း ချုပ် မှုအောက်မှာ ရှိနေတဲ့မြို့နယ်တစ်ခုဖြစ်လည်းဖြစ်ပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.