Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု စစ်အုပ်စုတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ တစ်လအတွင်း ပြည်သူ ၁၁၃ ဦး သေဆုံးခဲ့ရ

စစ်အုပ်စုတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ တစ်လအတွင်း ပြည်သူ ၁၁၃ ဦး သေဆုံးခဲ့ရ

70
0
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံပန်းမိသားစုဝင်များထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ

မြန်မာနိုင်ငံအတွင်းမှာ စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၁ လအတွင်းမှာ အရပ်သားပြည်သူ ၁၁၃ ဦး သေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီသေဆုံးသူ ၁၁၃ဦးထဲမှာ အမျိုးသမီး (၅၄) ဦးနဲ့ အမျိုးသား (၅၉) ဦးပါဝင်ခဲ့ပြီး အဲဒီသေဆုံးသူတွေကို AAPP အနေ နဲ့ နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

သေဆုံးသူ ၁၁၃ ဦးထဲမှာရခိုင်ပြည်က (၃၅) ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီးတော့ ကချင်ပြည်နယ်ကတော့ သေဆုံးသူ (၁၈) ဦး နဲ့ ဒုတိယအများဆုံးသေဆုံးခဲ့ရပြီး အဲဒီသေဆုံးသူ ၁၁၃ ဦးထဲက ၈၁ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းကဆိုရင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရမ်းချောင်းအနီးတဝိုက်က စစ်သုံးပန်းတွေထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါသေးတယ်။

သေဆုံးသူတွေထဲမှာအသက် မပြည့်သေးတဲ့ ကလေးငယ် ၉ ဦးနဲ့ အမျိုးသမီး ၁၉ဦး ပါဝင်တယ်လို့ အာရက္ခတပ်တော်(AA)ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှာဘဲ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာတဲ့အတွက် လေကြောင်းရန်နဲ့ လေကြောင်း အန္တရာယ်ကို အရင်ကထက် ပိုမိုသတိထားဖို့ လိုအပ်လာတယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်သတိပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အတွင်း စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၆၂၃၉ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူစုစုပေါင်းပေါင်း၂၈၄၄၄ဦးရှိသလို ၁၀၂၀၉ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ၂၁၇၂၂ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ကိန်းဂဏန်းအရေအတွက်တွေဟာ AAPPက လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေဟာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here