အာရက္ခတပ်တော်(AA)နဲ့ ချင်းညီနောင်(CB)တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုအဖြစ် ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံတော်ကို လေးစားကြည်ညိုဖွယ်ရာ ကောင်းအောင် လွှင့်ထူနိုင်ခဲ့ပြီလို့ Chin Defence Force – Kanpetlet က ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ” အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ ဇူလိုင်လအတွင်းမှာ CCN Channel နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တဲ့ “ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ချင်းပြည်အတွက် ဝိတိုရိယ (Mt.Victoria)တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့ ကူညီပေးမယ် ” ဆိုတဲ့ စကားကိုလည်း Chin Defence Force – Kanpetletရဲ့ “ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်တောင်ပိုင်းမှာ စစ်အာဏာရှင်တွေကို အသက်၊ သွေး၊ ချွေးများစွာနဲ့ တွန်းလှန်တိုက်ထုတ်နိုင်ပြီဖြစ်လို့ စစ်မိစ္ဆာ ကင်းစင်နိုင်ခဲ့တဲ့ ချင်းပြည်တောင်ပိုင်း ချင်းတွေရဲ့ စစ်ရေးအောင်မြင်မှု အထိမ်းအမှတ်အနေနဲ့ Mt.Victoria (ဝိတိုရိယတောင်) Khawnumcung လို့ ပြန်လည်မှည့်ယူခေါ်ဆိုနိုင်ခဲ့ပြီး၊ တောင်ထိပ်မှာလည်း ချင်းပြည်အလံတော်ကို လွှင့်ထူနိုင်ခဲ့တာလို့ ဆိုပါတယ်။
Mt.Victoria (ဝိတိုရိယတောင်)ဆိုတဲ့ အမည်နာမဟာ အင်္ဂလန်ဘုရင်မ ဗစ်တိုရီးယားနာမည်ကို အစွဲပြုပြီး ဗြိတိသျှတို့ မှည့်ယူခေါ်ဆိုခဲ့တာလို့ သိရပါတယ်။
လက်ရှိ ဆန္ဒဟာ ချင်းပြည်သူတွေလိုလားနေတဲ့ ဆန္ဒတစ်ခုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အခုလို အောင်မြင်မှု မှတ်တိုင်ကိုစိုက်ထူနိုင်ခဲ့တာဟာ စိန်ခေါ်မှုများစွာ၊ အခက်ခဲများစွာကြားက မဟာမိတ် အာရက္ခတပ်တော် ( AA ) နဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေရဲ့ ရင်ချင်းအပ်၊ ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့်ဖြစ်တယ်လို့လည်း Chin Defence Force – Kanpetletက ထုတ်ပြန်ထားပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.