ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုးနေရခြင်းရဲ့ အဓိက တရားခံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်အာဏာရှင်အဆက်ဆက်တိုကြောင့်ဖြစ်တယ်လို (၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကို ပေးပိုတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLAရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာကျရောက်မယ့် “(၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း” အခမ်းအနားကို TNLAက သဝဏ်လွှာပေးပိုခဲ့တာပါ။
သဝဏ်လွှာထဲမှာ လွန်ခဲ့သော နှစ်ကာလများစွာထဲက“ ပြည်ထောင်စုနေ့ ”ဆိုပြီး အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပခဲ့ရာကနေ ယခုလက်ရှိမှာ “(၇၈)နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း” အခမ်းအနားလို အမည်ပညတ်ပြောင်းလဲ ကျင်းပလာခြင်းဟာ ပြည်ထောင်စုပြဿနာ ကြီးမားစွာ တည်ရှိနေဆဲဖြစ်တယ်ဆိုတာကို ဝန်ခံရာ ရောက်ပြီး၊ အဖြေရှာဖိုကြိုးပမ်းနေကြဆဲဖြစ်တယ်လို ရှုမြင်မိတဲ့အကြောင်း ဖော်ပြထားပါတယ်။
မြန်မာစစ်အာဏာရှင်အဆက်ဆက်၊ မြန်မာအစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပါတီတွေဟာ မတူကွဲပြားတဲ့ မြန်မာအတွင်းက လူမျိုးတွေကို မြန်မာပြည်အဝန်းအဝိုင်းမှာ နိုင်ငံရေး အခွင့်အရေးတွေ သာတူညီမျှစွာ၊ လွတ်လပ်စွာ ခံစားနိုင်စေဖို မပေးစွမ်းနိုင်ဘဲ တိုင်းပြည်ကို စစ်ပွဲနဲ့ ဆင်းရဲ မွဲတေမှုတွေကိုသာ ဖန်တီးတွန်းပိုခဲ့ကြပြီး မြန်မာပြည်ဟာ ကျရှူးနိုင်ငံ ဖြစ်နေရပြီလိုလည်း ဆိုပါတယ်။
လက်ရှိအချိန်ထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်ခြင်းဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေး/တော်လှန်ရေး ခေါင်းဆောင်တွေရဲ့နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲ အခြေအနေကို ညွှန်ပြနေခြင်းသာဖြစ်တယ်လိုလည်း TNLAက အသိပေးထားပါတယ်။
“မြန်မာပြည်အတွင်းရှိ နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပါပြီ၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးတိုကို ထိုက်တန်စွာ ခံစားသင့်ပါပြီ။ လူနည်းစုလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသင့်ပါပြီ”လိုလည်း TNLAရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ပင်လုံ စာချုပ်မှာ ချုပ်ဆိုခဲ့တဲ့ နိုင်ငံရေးအနှစ်သာရကို လက်ရှိတော်လှန်ရေးအင်အားစုတွေ ပြည့်ပြည့်ဝဝ ကြိုးပမ်းအကောင်အထည်ဖော်သင့်ပြီလိုလည်း TNLAက သဝဏ်လွှာမှာတိုက်တွန်းနှိးဆော်ထားပါသေးတယ်။