Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ကျိန္တလီကို စစ်ကောင်စီက ထပ်မံဗုံးကြဲလို့ အမျိုးသမီးတစ်ဦး နဲ့ ကလေးတစ်ဦးသေ

ကျိန္တလီကို စစ်ကောင်စီက ထပ်မံဗုံးကြဲလို့ အမျိုးသမီးတစ်ဦး နဲ့ ကလေးတစ်ဦးသေ

35
0

CNA ၊ မြတ်သူ။

နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ ဂွမြို့အတွင်းက ကျိန္တလီမြို့ကို စစ်ကောင်စီက ဒီနေ့ နေ့လယ်မှာလည်း လေကြောင်းကနေတဆင့် ဗုံးထပ်မံလာရောက် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး နဲ့ ကလေးငယ် ၁ ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသအတွင်းက စစ်ဘေးရှောင်ကူညီရေး အဖွဲ့တွေ ဆီက သိရပါတယ်။

စစ်ကောင်စီ ကြဲချလိုက်တဲ့ ဗုံးဟာ ကျိန္တလီမြို့ အမှတ် (၃) ရပ်ကွက် အတွင်းကို ကျရောက်ပေါက်ကွဲကာ အခုလို ကလေးငယ် ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသအတွင်းက စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။

“ဟုတ်တယ်အကိုရယ် ဒီနေ့လည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေသွားတယ်။အခုတလောက ရက်ဆက်ဆိုသလို လေကြောင်းတိုက်ခိုက်တာကိုက ခံနေရတယ်။နာမည်တွေကတော့ မရသေးဘူးအကို ကလေး ၁ ဦး နဲ့ အမျိူသမီးတစ်ဦးသေတယ်ဆိုတာပဲ သိရသေးတယ်”လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေ ၄ နာရီလောက်ကလည်း ကျိန္တလီမြို့က အမှတ် ၂ ရပ်ကွက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူးနေအိမ် ၂ ဆောင်ပျက်စီးခဲ့ရသလို ဒေသခံတစ်ဦးမှာလည်း ဗုံးစထိမှန်ဒဏ်ရာရရှိတာရှိခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ကျိန္တလီမြို့နယ်အတွင်းက ဗိုလ်တဲ (ခေါ်) အစိုးရတည်းခိုရိပ်သာ ဆိုတဲ့ နေရာကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အခုလို အရပ်သားတစ်ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ကျိန္တလီမြို့နယ်အတွင်းမှာရှိတဲ့ ကန့်ကော်တောင်ကျေးရွာကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇ လုံးအပါအဝင် ကျေးရွာအတွင်းမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းဟာလည်း ပျက်စီးမှု ရှိခဲ့ရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တစ်ဖက်မှာ ဘုရားတည်ကျောင်းဆောက်တာတွေ နဲ့ စစ်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားတယ်လို့ ပြောဆိုနေပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်ကာ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို နေ့စဉ် နဲ့ အမျှ သတ်ဖြတ်နေသူလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here