Home လူ့အခွင့်အရေး အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင် နဲ့ အပေါင်းအပါတချို့ကို ဖမ်းဝရမ်းထုတ်

အာဂျင်တီးနားတရားရုံးက မင်းအောင်လှိုင် နဲ့ အပေါင်းအပါတချို့ကို ဖမ်းဝရမ်းထုတ်

52
0

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ အပေါင်းအပါထိပ်တန်းခေါင်းဆောင်တချို့ကို ရိုဟင်ဂျာ(မွတ်ဆလင်)လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဒီအမိန့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အာဂျင်တီးနားနိုင်ငံ ရဲ့ Buenos Aires တရားရုံးကနေပြီးတော့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်တဲ့အကြောင်းကို ဗြိတိန် အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ကထုတ်ပြန်ပြောဆိုထားတာပါ။

လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာ(မွတ်ဆလင်)တွေကို လူမျိုးတုံးသတ် ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက တည်းကပင်အာဂျင်တီးနား တရားရုံးမှာ တင်ပြတောင်းဆိုခဲ့တာပါ။

အခုလိုစစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့ ဖမ်းဝရမ်းထုတ်တဲ့အပေါ် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွှင်ပြောတာက “ရာဇဝတ်မှုကျူးလွန်ခံရသူအားလုံးက တရားမျှတမှုကို လိုချင်တာပါ။ အခု ဖမ်းဝရမ်းက တရားမျှတမှုရရှိဖို့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုက ကျူးလွန်သူတွေအားလုံး တရားစီရင်ခံရမယ်။ ပြီးတော့ ကျနော်တို့ ဆုံးရှုံးခဲ့တာတွေ၊ ကျနော်တို့ နေရပ်မှာ ဂုဏ်သိက္ခာရှိရှိ ပြန်နေနိုင်ရပါမယ်။ အခု အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အတွက် ကျနော်တို့ရဲ့ မျှော်လင့်ချက် အပိုင်းတစ်ခု ဖြစ်လာပြီလို့ ပြောလို့ရပါတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင်လက်ရှိ ဖမ်းဝရမ်းထုတ်ထားတဲ့ အပေါ်မှာ စစ်ခေါင်းဆောင်တွေအနေ နဲ့ တရားရင်မဆိုင်ခဲ့ရင် ဝရမ်းပြေးအနေ နဲ့ နေရမှာဖြစ်ပြီး ဖမ်းဆီးဖို့နည်းလမ်း နည်းတယ်ဆိုပေမယ့် အခြေအနေတစ်ခုဖြစ်လာရင်တော့ ဖမ်းဆီးခံရမယ့် အနေအထားကိုလည်း ရောက်လာနိုင်တယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် အနေ နဲ့ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့အတွက်ကိုလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် Karim Khan ကICCမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအကုန်မှာ လျှောက်လဲချက် တင်သွင်းခဲ့တာလည်းရှိပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here