(စစ်ကောင်စီက စက်တပ်လေထီး နဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေရ)
CNA ၊ လင်းလင်း။
ဧရာဝတီတိုင်း၊ငသိုင်းချောင်မြို့ နဲ့ လေးမိုင်ခန့်အကွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ အမတ – ၃၄၄ အမြောက်တပ်ရင်း ကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက စတင်ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ခိုင်လုံတဲ့ စစ်ရေးသတင်ရင်းမြစ်တွေကပြောပါတယ်။
အဲဒီ အမတ – ၃၄၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းကပင် ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ အဲဒီစစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။
“တိုက်ပွဲတွေကတော့ လက်ရှိအချိန်ထိတိုက်ခိုက်နေတုန်းပါ တိုက်ပွဲဖြစ်တာကတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းကပင် စပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ တိုက်ပွဲကတော့ ပြင်းထန်နေကြတယ်။စစ်ကောင်စီကလည်း အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြရတယ်”လို့သူကပြောပါတယ်။
အဲဒီအမြောက်တပ်ရင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂွမြို့နယ်အတွင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ စစ်မှုထမ်းအတင်းစုခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားရှိနေတဲ့ တပ်ရင်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီဟာ အဲဒီ အမတ – ၃၄၄ အမြောက်တပ်ရင်း မကျရှုံးစေရေးအတွက် လက်နက်ကြီးပစ်ကူပေးတာ၊လက်နက်အင်အားလူအင်အားတွေကို ထပ်မံဖြည့်တင်းပေးတာတွေရှိနေသလို စက်တပ်လေထီး နဲ့ တိုက်ခိုက်တာတွေကိုလည်း အပြင်းအထန်လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။
“စစ်ကောင်စီက စက်တပ်လေထီးတွေ နဲ့ တိုက်ခိုက်တာတွေ ရှိနေတယ် ပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုလည်းဆက်တိုက်လုပ်နေတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း အတွဲလိုက် ပစ်တဲ့ဒုံးတွေ ထပ်ပြီးတော့ အင်အားဖြည့်တင်းတာတွေ ရှိနေတယ်။ထိခိုက်မှု အြေခအနေကတော့ ကျနော်သိရသလောက်တော့ စစ်ကောင်စီက အခု စစ်တပ်လေထီး နဲ့ တိုက်ခိုက်လို့ တော်လှန်ရေးတပ်တွေ ကလည်းထိခိုက်တာတွေ ရှိတယ်လို့ သိရတယ်”လို့သူကပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ပြီးနောက်မှာ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း နဲ့ မကွေးတိုင်းအစပ်က တပ်စခန်းတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်လာတာ နဲ့အတူ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာလည်း ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ခွဲက စစ်ကောင်စီအတွက်အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေးဂိတ်စခန်းတွေအပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာ ရဲကင်းစခန်း နဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.