ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန် ၃ ခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ် ခမရ−၅၆၀ ဦးဆောင်တဲ့ တပ်ပေါင်းစု ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ နရွဲပင် ဂိတ်စခန်း၊ တောဝိရွာ နဲ့ ထိန်တပင်ကြား ရှိ ဂိတ်စခန်း၊ ကျွန်းကုန်းကျေးရွာဘေး တောရကျောင်းမှာ တပ်စွဲထားတဲ့ ဂိတ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။
အဆိုပါ ဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ
၁၅ ရက် ည ၁၂ နာရီ အချိန်မှာ တိုက်ခိုက် သိမ်းပိုက် ချေမှုန်းနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၆ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုတွေလည်း ရှိခဲ့ပြီး ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တစ်ခုအပါအဝင် လက်နက်ငယ် ၅ လက် နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။



၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေ၊ တပ်ရင်း၊ တပ်မတွေကို သိမ်းပိုက်ရရှိခဲ့သလို စစ်ကောင်စီဘက်မှလည်း EAO ထိန်းချုပ်နယ်မြေတွေကို နေ့စဉ်နဲ့အမျှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။