ထိုင်း – မြန်မာနယ်စပ်က မြဝတီမြို့ ၊ ရွှေကုက္ကိုလ် နဲ့ KK park လိုနေရာတွေမှာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကနေပြီးတော့ နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့သူ (၁,၀၃၀) ဦးကို ၂ ပတ်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့သူတွေထဲက ပြည်ပနိုင်ငံသားတွေကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး အတွက်ကိုလည်း တာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့လည်းဆိုထားပါတယ်။
ဒါ့အပြင်ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ စစ်ကောင်စီရဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဌာက လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နဲ့ ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အထွေးထွေအတွင်းရေးမှူး General Daisa Insomlas တို့ဟာ မြဝတီမြို့ကို ရောက်ရှိနေပြီး ငွေလိမ်ဂိုဏ်းကနေ ခေါ်ထုတ်ထားတဲ့သူတွေကို သွားရောက်ကြည့်ရှုတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေ နဲ့ တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို ဆက်လက်ပြီးတော့ စုံစမ်းဖော်ထုတ်စစ်ဆေးပြီးတော့ ထိရောက်စွာ အရေးယူဆောင်ရွက်နေတာတွေလည်းရှိနေပြီး နယ်စပ်ဒေသတွေက တရားမဝင်အွန်လိုင်းလောင်းကစား နဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ဖို့ အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာက အဖွဲ့အစည်းတွေ နဲ့အတူ ပူးပေါင်းကာ စုံစမ်းဖော်ထုတ်အရေးယူမှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
ထိုင်းနိုင်ငံဖက်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ကတည်းကပင် ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေတဲ့ မြန်မာနိုင်ငံအတွင်းက တာချီလိတ်၊ မြဝတီ နဲ့ ဘုရားသုံးဆူမြို့တွေကို စက်သုံးဆီးတင်သွင်းခွင့် ပိတ်ပင်ထားတာ လျှပ်စစ်မီးဖြတ်တောက်ထားတာတွေကို လုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင် နယ်ခြားစောင့်တပ်တစ်ခုဖြစ်တဲ့-BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထိုင်းအစိုးရဆီကို လွဲပြောင်းပေးအပ်ခဲ့တာ လည်း ရှိခဲ့ပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.