Home လူ့အခွင့်အရေး ရိုဟင်ဂျာ(မွတ်ဆလင်)တွေအတွက် မူဝါဒတရပ် ပြဌာန်းဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြောဆိုလာ

ရိုဟင်ဂျာ(မွတ်ဆလင်)တွေအတွက် မူဝါဒတရပ် ပြဌာန်းဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြောဆိုလာ

113
3
ဓာတ်ပုံ - AFP

ရိုဟင်ဂျာ(မွတ်ဆလင်)ပြည်သူတွေအတွက် တရားမျှတမှု ရရှိစေရေးနဲ့ ပတ်သက်ပြီး “ရိုဟင်ဂျာမူဝါဒ” တရပ်ကို ပြဌာန်းနိုင်ဖို့ အတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်လာပါတယ်။

အာဂျင်တီးနားနိုင်ငံ တရားရုံးက ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)တွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားခံစာရင်းထဲ ထည့်သွင်းတဲ့အပေါ် NUG က ဖယ်ရှားပေးဖို့ တောင်းဆိုထားတဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီအချက်ကို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ(မွတ်ဆလင်)တွေအပေါ် နည်းလမ်းမျိုးစုံအသုံးပြုပြီး အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ ၎င်းတို့ရဲ့လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေသာဖြစ်တယ်လို့ NUGကဆိုပါတယ်။

ဒီပြစ်မှုတွေအတွက် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေးနဲ့ ကျူးလွန်ခံခဲ့ရသူတွေ အတွက် တရားမျှတမှု ပြန်လည်ရရှိစေရေးအတွက် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ရေး အတွက် ကြိုးပမ်းမှုမှန်သမျှကို NUGအနေနဲ့ ကြိုဆိုထောက်ခံတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားခံစာရင်းထဲ ထည့်သွင်းပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေခြင်းဟာ မှားယွင်းတဲ့စွပ်စွဲဆောင်ရွက်ချက်အဖြစ် အခိုင်အမာမှတ်ယူသလို တရားစွဲဆိုထားခြင်းကနေ ဖယ်ရှားပေးဖို့လည်း NUG ကတောင်းဆိုထားပါတယ်။

ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရိုဟင်ဂျာ(မွတ်ဆလင်)အရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မယ့် အဖြေရရှိစေဖို့ “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်လို့လည်း NUGက အသိပေးထားပါတယ်။

ဒါကြောင့် အာဂျင်တီးနားတရားရုံးက မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းဟာ ရိုဟင်ဂျာ(မွတ်ဆလင်)ပြည်သူလူထုနဲ့ အခြားပြည်သူလူထုတွေအကြား နားလည်မှု လွဲမှားခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ အနာဂတ်ကာလ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် များစွာအနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်တယ်လို့လည်း NUG က ဆိုပါတယ်။

ဒါ့အပြင် အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ထည့်သွင်းတရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းခြင်းဟာ မြန်မာနိုင်ငံသားတွေ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေယုံသာမက၊ အကြမ်းဖက်စစ်အာဏာရှင်တွေကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မယ်လို့လည်း အသိပေးထားပါတယ်။

3 COMMENTS

  1. ?Te interesa un buen casino online con licencia espanola para apostar con dinero real? Durante meses estuve investigando opciones hasta que encontre casinos online dinero real.
    Este sitio me parecio una lista confiable de casinos online con dinero real donde puedes jugar sin riesgos. Lo mas importante para mi fue que todos los casinos tienen licencia oficial. Eso garantiza transparencia. Por si fuera poco, puedes jugar desde el movil. Yo juego desde Madrid y todo cargo perfectamente.
    ?Bonos? ?Ni hablar! Las marcas que figuran ofrecen recompensas por primer deposito para que puedas probar los juegos sin arriesgar mucho. ?Quieres jugar tragamonedas? La oferta es variada. Desde juegos de mesa en vivo hasta baccarat clasico, todo esta ahi.
    El retiro de ganancias es seguro. Yo probe PayPal y no tuve comisiones. Eso demuestra seriedad. Si buscas opciones locales, te aconsejo revisar esta web. Conseguiras sitios seguros para ganar dinero en este ano.
    Jugar con cabeza es importante. Y hacerlo en un sitio verificado es el primer paso.
    Deja de buscar sin rumbo, elige tu favorito y empieza a ganar.

LEAVE A REPLY

Please enter your comment!
Please enter your name here