CNA ၊ လင်းလင်း။’
ပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းတိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော် က စက်တပ်လေထီး (Paramotor) ၂စင်းကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စက်တပ်လေထီး (Paramotor) ၄ စင်းနဲ့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေကို လာရောက်ဗုံးကြဲပစ်ခတ်စဉ်မှာ အခုလို ပစ်ကျနိုင်ခဲ့တာ ဖြစ်တယ်လို့ အာရက္ခတပ်တော် ရဲ့ ခိုင်လုံတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
” ၄ စင်းမှာ ၂ စင်းပစ်ချနိုင်ခဲ့တာပါ ဒီဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက စက်တပ်လေထီး (Paramotor) တွေကို တော်တော် အသုံးပြုတိုက်ခိုက်တာတွေ ရှိပါတယ်။ချောက်ထဲကို ကျသွားတယ် သေတယ်ရှင်တယ်ဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျမသိသေးဘူး။လောလောဆယ် ကျနော်ပြောလို့ ရတာဒီလောက်ပဲ ရှိသေးတယ်”လို့ သူကပြောပါတယ်။
အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ ပုဂံကွဲတပ်စခန်းကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ ညောင်ကျိုးလက်နက်ကြီးအထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်သလို့ နတ်တောင်တာဝါကုန်းစခန်းကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ရိက္ခာထောက်ပို့လမ်းတွေကိုပါ အကုန်ဝန်းရံပိတ်ဆို့ထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ်တိုက်အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းဟာ ညောင်ခြေထောက်မှာရှိတဲ့ အမှတ်(၆ )ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆ ) နဲ့ ၁၀ မိုင်ခန့် အကွာမှာ ရှိတဲ့ စက်ရုံ တစ်ခုဖြစ်ပြီး အဲဒီစက်ရုံအတွင်းကလည်း တိုက်ပွဲ ဖြစ်ပွါးနေတဲ့ နေရာကို လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော် အေအေ ဟာ ရခိုင်က အမ်း နဲ့ တောင်ကုတ်မြို့တွေကို အပြီးသတ်သိမ်းယူပြီးတဲ့ နောက်မှာ ရခိုင်ပြည်နယ် နဲ့ ပဲခူးတိုင်းအစပ်မှာ ရှိတဲ့ တောင်ပုံကြီးစခန်းကို လည်း စစ်ကောင်စီလက်ထဲက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သလို အဲဒီနောက် မိုးထိတောင် စခန်းကို ဆက်လက်သိမ်းယူခဲ့ပြီး စစ်ကောင်စီက မိုးထိတောင်စခန်းကို ပြန်လည်ရရှိရေးအတွက် ပုဂံကွဲ၊ ညောင်ကျိုး၊ ညောင်ခြေထောက်နေရာတွေကနေ ခံစစ်စခန်းတွေပြုလုပ်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.