စစ်ကိုင်းတိုင်း၊ မုံရွာမြို့က MRTV အသံလွှင့် ဗောဓိတစ်ထောင်တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။
မုံရွာမြို၊ ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီးရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ စစ်အုပ်စု တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး ခုခံခဲ့ပေမဲ့ စခန်း သိမ်းနိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီ မုံရွာမြို့၊ ခတက္ကန်ရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ MRTV အသံလွှင့် ဗောဓိတစ်ထောင်တာဝါတိုင်ကုန်း စခန်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲ အင်အား ၁၇ ဦး နဲ့ အထိုင်ချ တပ်စွဲထားတာ ဖြစ်ပြီး မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုနဲ့ မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ် အခြေပြု စုဖွဲမှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ၊ BLDF ပူးပေါင်းအဖွဲတို့က တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်က ၁၁ ဦး သေဆုံးပြီး G-3 ငါးလက်၊ Uzi သုံးလက်၊ M-79 နှစ်လက်၊ ကျည်၊ မိုင်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်း ရရှိတယ်လို အမှတ် ၁ စစ်ဒေသက ဖော်ပြပါတယ်။


အဲ့ဒီ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေပြီူတော့ Paramotor – စက်တပ်လေထီး နှစ်စီး၊ တံတားဦး လေတပ်က Mi-35 တစ်စီးနဲ့ လေကြောင်းပစ်ကူပေးခဲ့ပြီး (အမြောက်တပ်) အမတ-၅၀၈ ကနေလည်း ၁၀၅ မမ၊ ၁၂၀ မမ နဲ့ (၁၄) ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်စခန်းကို တော်လှန်ရေးတပ်တွေ နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် စခန်းတွင်းနေရာတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်း နဲ့ ပြန်လည်ဝင်ရောက်ထိုးစစ်ဆင်လာခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ ဟာ နောက်ပြန်ဆုတ်ခဲ့ရပြီး လက်ရှိမှာ အဲဒီစခန်းနေရာကို စစ်ကောင်စီက ပြန်လည်တပ်စွဲထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် အဲဒီလို စစ်ကောင်စီတပ်တွေက ပြန်လည်နေရာဝင်ယူပြီးတဲ့ နောက်မှာတော့ အဲဒီ အနီးဝန်းကျင်မှာ ရှိနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ဝင်ရောက်ဖမ်းဆီးတာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.