မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်ငွေပေးချေစနစ်ဖြစ်တဲ့ QR (MMQR) စနစ် နဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းကပင် စတင်အသုံးပြုနိုင်ပြီလို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ သတင်းစာမှာ ထုတ်ပြန်လာခဲ့ပါတယ်။
ဒီဂျစ်တယ်ငွေပေးချေစနစ်ဖြစ်တဲ့ QR (MMQR) စနစ် အသုံးပြုမှု အခမ်းအနားကို မနေ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ အဲဒီအခမ်းအနားကို မြန်မာနိုင်ငံအတွင်းက ဘဏ်သူဌေးတွေ အပါအဝင် စစ်ခေါင်ဆောင် မင်းအောင်လှိုင် လည်းတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိဒီလို ဒီဂျစ်တယ်ငွေပေးချေစနစ်ဖြစ်တဲ့ QR (MMQR) စနစ် ကို အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူသုံးကုန် ပစ္စည်းတွေရောင်းချတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ဒီဂျစ်တယ်ငွေပေးချေစနစ်ဖြစ်တဲ့ QR (MMQR) စနစ် အခွန်အခ၊ မီတာခပေးဆောင်တဲ့ နေရာတွေ အပြင် နိုင်ငံ့ဝန်ထမ်းတွေ ကို လစာပေးတာနဲ့ ပင်စင်ထုတ်ပေးတဲ့ နေရာတွေမှာလည်း အသုံးပြုနိုင်အောင်လုပ်ဆေင်သွားဖို့ ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာဖြစ်တဲ့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းမှာ ဖော်ပြထားပါတယ်။
တာမှာသုံးဖို့ရှိနေပါတယ်။
ပထမဆုံးအဆင့်နေ နဲ့တော့ ဒီ ဒီဂျစ်တယ်ငွေပေးချေစနစ်ဖြစ်တဲ့ QR (MMQR) စနစ်ကို AYA Pay၊ KBZ Pay၊ Wave Money၊ OK$၊ CB Pay၊ uabpay၊ A+ Wallet၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego ၊Mpitesan တို့ နဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို နောက်ပိုင်းမှာတော့ မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ Mobile Wallet ဆောင်ရွက်တဲ့ဘဏ်တွေ အပါအဝင် ငွေပေးချေမှုအဖွဲ့အစည်းတွေ အားလုံးကိုလည်းပါဝင် လာအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ က ပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း အခုလို ဒီဂျစ်တယ်ငွေပေးချေစနစ်ဖြစ်တဲ့ QR (MMQR) စနစ်ကိုအသုံးပြုတာနဲ့အတူ နောက်ဆက်တွဲသက်ရောက်မှုရှိလာနိုင်တဲ့ အွန်လိုင်းလိမ်လည်မှုတွေမဖြစ်အောင်လည်း စနစ်တကျစောင့်ကြည့် ထိန်းကျောင်းကြီးကြပ်ဖို့လည်း လိုအပ်မယ်လို့လည်း မင်းအောင်လှိုင်က သတိပေး ပြောဆိုထားပါတယ်။