ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့ ဆက်ဆံရေးတင်းမာမှုအခြေအနေတွေ မကြီးထွားလာစေဖို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမယ်လို့ တအာင်းတပ်မတော်-TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် ကတိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ၊ မန်တုံမြို့နယ်အတွင်းမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ TNLAစစ်ဦးစီးချုပ်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
KIAနဲ့ TNLA မဟာမိတ်နှစ်ဖွဲ့အကြားမှာ အပြန်အလှန်အသိအမှတ်ပြုဖို့နဲ့ မဟာမိတ်တည်တံ့ခိုင်မြဲစေဖို့အတွက် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမယ့် အချိန်ဖြစ်တယ်လို့ TNLAစစ်ဦးစီးချုပ်က ဆိုပါတယ်။
ဒါ့အပြင် မဟာမိတ်ကတိကဝတ်ကို ရှေးရှုပြီး မဟာမိတ်အကြား မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားလာစေဖို့၊ မဟာမိတ်နှစ်ဖက်လုံးက သတိထားဆောင်ရွက်ရမှာဖြစ်ပြီး ဆက်ဆံရေးတင်းမာမှုတွေကို ညှိနှိုင်းဖြေရှင်းရမယ်လို့လည်း TNLAစစ်ဦးစီးချုပ်က ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း မန်တုံမြို့နယ်အတွင်းမှာ KIAနဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် အငြင်းပွားမှုတွေရှိနေပြီး မြေပြင် ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတင်းမာမှုတွေ ဆက်လက်မကြီးထွားစေဖို့အတွက် TNLAစစ်ဦးစီးချုပ်က လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
အလားတူ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို TNLAနဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး လက်နက်အင်အားသုံး ဖြေရှင်းခြင်း လုံး၀မလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကနေရာအချို့မှာ KIAနဲ့ TNLAတို့အကြား နယ်မြေဆိုင်ရာအငြင်းပွားမှုတွေရှိနေပြီး အောက်ခြေတပ်ဖွဲ့ဝင်တွေမှာလည်း နှစ်ဖက်တပ်ဖွဲ့တွေအကြား အချင်းများခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့တုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်အတွင်းက မန်ပွန်း (ကချင်) ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ KIAနဲ့ TNLAတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ ၁၁ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.