Home သတင်း စစ်ရေး လက်နက်တပ်ဆင်ရေးနိုင်ရေးအတွက်ကူညီပေးခဲ့တဲ့ အာရက္ခတပ်‌တော်ကို ကျေးဇူးတင်တယ်လို့ Chin Defence Force – Kanpetlet ပြောဆို

လက်နက်တပ်ဆင်ရေးနိုင်ရေးအတွက်ကူညီပေးခဲ့တဲ့ အာရက္ခတပ်‌တော်ကို ကျေးဇူးတင်တယ်လို့ Chin Defence Force – Kanpetlet ပြောဆို

72
0
ပုံ၊ စာ - Chin Defence Force - Kanpetlet

CNA ၊ လင်းလင်း ။

အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ အောင်မြင်စွာ ပြီးဆုံးနိုင်ရေး နဲ့ လက်နက်တပ်ဆင်ရေးတွေ အတွက်လိုအပ်တာတွေကို ညီရင်းအစ်ကို အိမ်နီးနားချင်းမိတ်ဆွေရင်း ပကတိ စိတ်ထားအမှန်နဲ့ ပံ့ပိုးကူညီပေးခဲ့တဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်‌တော်(ULA/AA) ကိုအထူးကျေးဇူးတင်တယ်လို့ Chin Defence Force – Kanpetlet က ဒီနေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ “Chin Defence Force – Kanpetlet တပ်ဖွဲ့ရဲ့ အပတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ၊ ကျမ်းသစ္စာကျိန်ဆိုတာ နဲ့ လက်နက်တပ်ဆင်ရေးအခမ်းအနားကို လေးလကျော် အကောင်အထည် ဖော်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး အဲဒီအတွက် လိုအပ်တာတွေကို ညီရင်းအစ်ကို အိမ်နီးနားချင်းမိတ်ဆွေရင်း ပကတိ စိတ်ထားအမှန် နဲ့ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်‌တော်(ULA/AA) နဲ့ ပြည်တွင်းပြည်ပကို ရောက်ရှိနေကြတဲ့ Chin Defence Force – Kanpetlet ထောက်ပို့ပြည်သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိ‌တယ်”လို့ ဆိုပါတယ်။

Chin Defence Force – Kanpetlet တပ်ဖွဲ့ဟာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှုတွေ နဲ့ အတူ မွေးဖွားလာတဲ့ ချင်းတော်လှန် ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းပြည်တောင်ပိုင်း၊ကန်ပက်လက်မြို့နယ် နဲ့ ကျင်ဒွေးမြို့ကို ကိုယ်စားပြုထားတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Chin Defence Force – Kanpetlet ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပိုက်ချိန်ကစတင်ပြီးတော့ တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲလာခဲ့တာဖြစ်ပြီးတော့ ကျင်ဒွေးမြို့ နဲ့ ကန်ပက်လက်မြို့နယ်တွေကိုလည်းChin Defence Force – Kanpetlet အနေ နဲ့ စစ်ကောင်စီလက်ထဲကနေ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ချင်းပြည်အတွင်းက တခြားမြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ဆင်ရေး နဲ့ စစ်ရေးလိုအပ်ချက်အပေါ်မူတည်ပြီးတော့ အစွမ်းကုန်ဆက်လက် တိုက်ပွဲဝင်နေတယ်လို့လည်း ဆိုထားပါတယ်။

Chin Defence Force – Kanpetlet အနေ နဲ့ ကျင်‌‌ဒွေးမြို့ နဲ့ ကန်ပက်လက်မြို့နယ်အပါအဝင်ချင်းပြည် တောင်ပိုင်းတစ်ခုလုံး လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သလို စစ်ဘေးရှောင်ပြည်သူတွေ အနေ နဲ့လည်း ကိုယ့်မြို့၊ကိုယ့်အိမ်ပြန်လည်အခြေချတဲ့ အချိန်မှာ ပြည်သူလူထုကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးနိုင်ခဲ့တဲ့ ပြည်သူ့အချစ်တော်တပ် နဲ့ စစ်သည်တော်ကောင်းများဖြစ်လာစေဖို့ ၊ စစ်စည်းကမ်းပြည့်ဝတဲ့ ပြည်သူ့စစ်သားကောင်းများပေါ်ပေါက်လာစေဖို့ နဲ့ အိမ်နီးချင်း မိတ်ဖက်မဟာမိတ်တပ်ဖွဲ့တွေ နဲ့အတူ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအနေနဲ့ စစ်မှန်တဲ့ လွတ်မြောက်မှုကို ရရှိတဲ့ အထိ အတူတကွပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here