CNA ၊ မြတ်သူ။
ဒီနေ့ မတ်လ ၆ရက်နေ့ မနက်ပိုင်းမှာ စစ်တွေမြို့ စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာတွေ ရှိသလို ဝါဘိုကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်နေရတယ်လို့ စစ်တွေ မြို့ခံတွေက CNA ကို ပြောပါတယ်။
အဲဒီဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကို စစ်တွေ မြို့ ဂန့်ကော်ကျွန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး လက်ရှိဝါဘိုကျေးရွာ အတွင်းမှာမီးလောင်နေပြီး မီးခိုးလုံးတွေ တက်နေရတာကို စစ်တွေမြို့ပေါ်က နေမြင်တွေ့နေရတယ်လို့ စစ်တွေ မြို့က ဒေသခံ တစ်ဦးက ပြောပါတယ်။
“မီးခိုးလုံးတွေ တက်နေတာကိုမြင်နေရပါတယ်။ပြောသံကြားသလောက်တော့ ဂန့်ကော်ကျွန်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်းက လွတ်တဲ့ ဒရုန်းလို့ သိရပါတယ်။စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။မီးလောင်ပျက်စီးမှုကိုတော့ တိတိကျကျကတော့ မသိပါဘူး ။မြို့ထဲမှာ စစ်ကားတွေကလည်း ပတ်နေတယ်”လို့ သူကပြောပါတယ်။
စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ စစ်တွေ မြို့အတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကပင် နှစ်ဖက်ပစ်ခတ်မှုတွေ ခဏရပ်နားခဲ့ပြီး မတ်လ ၅ ရက်နေ့ ညနေပိုင်းကစတင်ကာ စစ်ကောင်စီ တပ်တွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေ ပြန်လည် ရှိလာခဲ့တာ ဖြစ်တယ်လို့လည်း စစ်တွေသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိ ရခိုင်တစ်ပြည်လုံးမှာ စစ်ကောင်စီတပ်တွေ ဟာ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေမှာသာ တပ်စခန်းတွေ ရှိတောာ့တာ ဖြစ်ပြီး စစ်ကောင်စီ အနေ နဲ့ အဲဒီမြို့နယ်တွေက တပ်စခန်းတွေ မကျရှုံးစေရေးအတွက် စစ်စခန်းတွေ အခိုင်အမာတည်ဆောက်တာ၊စစ်လက်နက်ကြီးတွေတပ်ဆင်တာ၊ ရေတပ်အင်အားတွေ အဆမတန်ဖြည့်တင်းတာတွေ အပြင် အာရက္ခတပ်တော် နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့ရင် အရပ်သားပြည်သူတွေကို လူသားဒိုင်းအနေ နဲ့ အသုံးပြုနိုင်ဖို့ အတွက် စစ်ရှောင်ထွက်ခွင့် မပေးတာ စတာတွေကို ဆက်တိုက်လုပ်ဆောင်တာတွေ လည်း ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကပင် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး တစ်နှစ်ကျော်တိုက်ပွဲ ကာလအတွင်းမှာ စစ်ကောင်စီက အနှစ်နှစ်အလလက တပ်စွဲနေထိုင်ခဲ့တဲ့ တပ်စခန်းဌာနချုပ်မြောက်များစွာ နဲ့ အတူ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ပလက်ဝဒေသကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သလို စစ်ကောင်စီ အရာရှိ ဗိုလ်မှူးတွေ အပါအဝင် စစ်သုံးပန်းမြောက်များစွာကိုလည်းဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.