Home နိုင်ငံရေး အာရက္ခပြည်သူ့အစိုးရကိုဆန့်ကျင်သူ နဲ့ အကြမ်းဖက်အဖွဲ့ကိုပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုကို အာရက္ခပြည်သူ့အစိုးရပိုင်အဖြစ်သိမ်းဆည်းမယ်လို့ထုတ်ပြန်

အာရက္ခပြည်သူ့အစိုးရကိုဆန့်ကျင်သူ နဲ့ အကြမ်းဖက်အဖွဲ့ကိုပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုကို အာရက္ခပြည်သူ့အစိုးရပိုင်အဖြစ်သိမ်းဆည်းမယ်လို့ထုတ်ပြန်

75
0
ပုံ - Ro Nay San Lwin

CNA ၊ မြတ်သူ။

ရခိုင်မှာ အာရက္ခပြည်သူ့အစိုးရကိုဆန့်ကျင်သူ နဲ့ အကြမ်းဖက်အဖွဲ့တွေ နဲ့ ဆက်နွယ်ပတ်သက်သူတွေ ရဲ့ လုပ်ငန်း နဲ့ပိုင်ဆိုင်မှုတွေကို အာရက္ခပြည်သူ့အစိုးရပိုင် အဖြစ်နဲ့ သိမ်းဆည်းသွားမယ်လို့ အာရက္ခပြည်သူ့အစိုးရက တရားဝင်ထုတ်ပြန်ထားကြောင်း အာရက္ခပြည်သူ့အစိုးရတာဝန်ရှိသူ ထိပ်ပိုင်းအရာရှိပြောဆိုချက်အရသိရပါတယ်။

ဒီထုတ်ပြန်ချက်ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလ ၂၁ ရက်နေ့က အာရက္ခတပ်တော်ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ မြို့နယ် ၁၄ ခုလုံးမှာ တရားဝင်ထုတ်ပြန်ပြောဆိုထားတာဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးကိုလည်း ညွန်ကြားချက်တွေ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ အဲဒီအာရက္ခပြည်သူ့အစိုးရတာဝန်ရှိသူ ထိပ်ပိုင်းအရာရှိတစ်ဦးက CNA ကို အတည်ပြုပြောပါတယ်။

“ကျနော် ပြောနိုင်သလောက်ကတော့ ဒီဟာက တရားဝင်ထုတ်ပြန်ထားတာ ဖြစ်တယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားတာ။အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်မှာ ရှိတဲ့ မြို့တွေတိုင်းမှာထုတ်ပြန်ထားတာဖြစ်တယ်။အာရက္ခပြည်သူ့အစိုးရကို ဆန့်ကျင်တဲ့သူ နောက်ပြီးတော့ ဒီရခိုင်ဒေသမှာ စစ်ကောင်စီအပါအဝင် အကြမ်းဖက် ARSA,RSO,ARAအပါအဝင် အကြမ်းဖက် အဖွဲ့တွေကို ထောက်ပံ့တဲ့သူလို့ သက်သေခိုင်ခိုင်လုံလုံ နဲ့ စစ်ဆေးတွေ့ရှိတဲ့သူကို အရေးယူဆောင်ရွက်တဲ့ အပြင် ဒီပိုင်ဆိုင်မှုအားလုံးကိုလည်းသိမ်းမယ်ဆိုပြီးတော့ တရားဝင်ထုတ်ပြန်ထားတာ ဖြစ်တယ်”လို့သူကပြောပါတယ်။

အာရက္ခတပ်တော် ဟာ စစ်ကောင်စီလက်ထဲက အပြီးသတ်သိမ်းပိုက်ရရှိထားတဲ့ မြို့နယ် ၁၄ ခုက တိုက်ပွဲအတွင်းပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ အရာတွေကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ အတွင် ပြင်ဆင်နေချိန်မှာ ဒေသအတွင်းက စစ်ကောင်စီ ရဲ့ သတင်းပေးတွေကြောင့် လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိနေသေးတဲ့ အတွက်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကို အင်တိုက်အား တိုက်လုပ်ကိုင်ဆောင်ရွက်ဖို့ ခက်ခဲနေသလို တစ်ဖက်မှာလည်း ဘူးသီးတောင် နဲ့မောင်တောဒေသတွေက အကြမ်း မွတ်ဆလင် ဖက်လက်နက်ကိုင် အဖွဲ့တွေဖြစ်ကြတဲ့ ARSA,RSO,ARA, အဖွဲ့ တွေ ရဲ့ အဖျက်အမှောက်လုပ်ငန်းတွေကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ အတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအာရက္ခပြည်သူ့အစိုးရက အာရက္ခပြည်သူ့အစိုးရကိုဆန့်ကျင်သူ နဲ့ အကြမ်းဖက်အဖွဲ့တွေ နဲ့ ဆက်နွယ်ပတ်သက်သူတွေ ရဲ့ လုပ်ငန်း နဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်သွားမယ်လို့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ မောင်တောမြို့ နယ်အတွင်းက ARSA,RSO,ARA ,အကြမ်းဖက် အဖွဲ့တွေ နဲ့ ပတ်သက်ဆက်နွယ်နေသူတွေ ရဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းတာတွေကို လုပ်ဆောင်ထားတာတွေလည်း ရှိနေပြီးဖြစ်တယ်လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

“ဟုတ်ပါတယ် အဲဒီလို ထုတ်ပြန်ထားတယ်ဆိုတာကို ကြေညာတာတွေ ရှိပါတယ်။ပြီးတော့ အကြမ်းဖက် RSO တွေကို ထောက်ပံ့ရေးတွေ လုပ်နေတဲ့ မွတ်ဆလင် နေအိမ်တချို့ကို ချိတ်ပိတ်ထားတာတွေလည်းရှိပါတယ်။ အသေးစိတ်ကိုတော့ ကျနော်တို့ မသိပါဘူး ချိတ်ပိတ်ခံရတဲ့ နေအိမ်တွေ ရှိတာတော့ သိတယ်”လို့ သူကဆိုပါတယ်။

ချိတ်ပိတ်ခံထားရတဲ့ နေအိမ်အလုံအရေအတွက် ကိုအသေးစိတ်သိရှိနိုင်ဖို့ အတွက် CNA က အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားပေးတာတွေ တော့ မရှိသေးပါဘူး။

မောင်တော ဒေသမှာ RSO၊ ARSA၊ ARA နဲ့ Rohingya Islami Mahaaz (Arakan) အဖွဲ့တွေဟာ ထိန်းချုပ်နယ်မြေမရှိပေမယ့် သူတို့ကို ထောက်ခံတဲ့ မွတ်ဆလင်(ဘင်္ဂလီ)တွေကြားကနေ လှုပ်ရှားနေတာဖြစ်ပြီး၊ မောင်တော – တောင်ပြိုဘက်ခြမ်းမှာ အများဆုံးလှုပ်ရှားတာတွေ ရှိနေပြီး အကြမ်းဖက်လက်နက်ကိုင် အစ္စာလာမ်မစ် စစ်သွေးကြွ အဖွဲ့တွေ ဖြစ်ကြတဲ့ RSO၊ ARSA၊ ARA နဲ့ Rohingya Islami Mahaaz (Arakan) အဖွဲ့တွေဟာ အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ဖို့အတွက် Four Brothers Alliance အဖြစ် အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလိုက်ပြီဖြစ်တယ်လို့လည်း ထုတ်ပြန် ကြေညာခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here