ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာရှိတဲ့ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရတယ်လို့ ISP – Myanmarက ထုတ်ပြန်လာပါတယ်။
ISP – Myanmarရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းပေါင်း ၁၇၄ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားတယ်လို့ ဆိုပါတယ်။
အဲ့ထဲက အခြေစိုက်တပ်စခန်းပေါင်းအများစုဟာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ လက်လွှတ်ထားရတာဖြစ်ပြီး တိုင်းစစ်ဌာနချုပ် နှစ်ခုကိုပါ စစ်ကောင်စီက လက်လွှတ်ထားရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို စစ်ကောင်စီက လက်လွတ်ထားရတဲ့ တပ်စခန်းတွေကတော့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) ဌာနချုပ်တွေ ဖြစ်ပြီးတော့ အဲဒီနေရာတွေကို ကိုးကန့်တပ် MNDAAနဲ့ အာရက္ခတပ်တော်(AA)တို့က သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
ISP – Myanmar ရဲ့ ဖော်ပြထားချက်အရ (ရမခ) နယ်မြေအတွင်းမှာ အခြေစိုက်တပ်ရင်း ၈၄ ခုရှိတဲ့အထဲက ၇၅ ခုကို သိမ်းပိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုပဲ (နပခ) နယ်မြေအတွင်းက အခြေစိုက်တပ်ရင်း ၉၃ခုအနက် ၄၈ခု သိမ်းပိုက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဖော်ပြပါစာရင်းတွေဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ISP – Myanmarက သိရှိထားရတဲ့ အချက်အလက်တွေဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အမိန့်ပေးကွပ်ကဲမှု ဌာနချုပ်တွေ၊ တိုက်ခိုက်ရေးတပ်ရင်းတွေ၊ လက်ရုံးတပ်တွေနဲ့ လက်ရုံးအကူတပ်တွေရဲ့ အထိုင်ချ အခြေစိုက်တပ်စခန်းတွေကိုသာ ထည်သွင်းဖော်ပြထားတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.