Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ကျောက်ဖြူက ကြတ္တိန်ကျေးရွာကို စစ်ကောင်စီကထပ်မံ ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီး

ကျောက်ဖြူက ကြတ္တိန်ကျေးရွာကို စစ်ကောင်စီကထပ်မံ ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီး

46
0
ပုံ စစ်ကောင်စီ ဒီနေ့ ဗုူးကြဲတိုက်ခိုက်လို့ မီးလောင်ပျက်စီးသွားခဲ့ရတဲ့ကြတ္တိန်ကျေးရွာက နေအိမ်မြင်ကွင်း (APM)

CNA ၊ လင်းလင်း။

ကျောက်ဖြူအတွင်းက ကြတ္တိန်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ လေကြောင်းက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက နေအိမ်တချိုံ ထပ်မံ မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာကို စစ်ကောင်စီက ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ဂျက်ဖိုက်တာ နဲ့ ဗုံး ၂ လုံးထက် မနည်းလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ အတွင်းက နေအိမ်တွေကို ကျရောက်ပေါက်ကွဲကာ လူနေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်အတွင်းက ဦးကင်းကျေးရွာကို ဒရုန်း နဲ့ မနက်တကြိမ် ညနေတကြိမ် ၂ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀၀ကျော်ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ မတ်လ ၆ ရက်နေ့တစ်ရက်နေ့မှာပဲ စစ်ကောင်စီဟာ စစ်တွေမြို့နယ်အတွင်းက ဝါဘိုကျေးရွာကိုလည်း ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့တာကြောင့် နေအိမ် ၄၀ ကျော်လောက်ဟာလည်း မီးလောင်ပျက်စီးတာတွေ ရှိခဲ့ရပါသေးတယ်။

ရခိုင်ပြည်အတွင်းမှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ ကျောက်ဖြ၊စစ်တွေ နဲ့ မာန်အောင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက် နေချိန်မှာပဲ စစ်ကောင်စီတပ်တွေဟာ ကျောက်ဖြူ နဲ့ စစ်တွေ မြို့နယ်တွေက အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့နေအိမ်တွေကို လေကြောင်းက ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်တာ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ကို ဆက်တိုက်လုပ်ဆောင်လာနေတာကိုတွေ လာနေရပါတယ်။

ဒီနှစ်ရက်အတွင်းမှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ် ၂၀၀ နီးပါးထိ ပျက်စီးသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here