ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်အတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၃ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ KNUကထုတ်ပြန်လာပါတယ်။
မတ်လ ၆ရက်နေ့၊ ညနေ ၂နာရီအချိန်ခန့်မှာ စစ်ကောင်စီက တောင်ငူလေတပ်ကနေ ဂျက်ဖိုက်တာ လေယာဉ် ၁စင်းနဲ့ ကျောက်ကြီးပေါက်ကျေးရွာအတွင်းကို လာရောက် ဗုံးကြဲခဲ့လို့ အဲ့ဒီကျေးရွာအတွင်းမှာနေတဲ့ဒေါ်ထွေး အသက် ၆၃နှစ် ထိခိုက်သေဆုံးခဲ့ရပြီး၊ မဝင်းဝင်းအေး ၁၅နှစ်၊ မဖြိုးရတနာအောင် ၂၄နှစ်တို့ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်၁လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ညနေ ၂နာရီခန့်မှာလည်း မကျည်းတောကျေးရွာအတွင်းကို ထပ်မံလာရောက်ပစ်ခတ်ခဲ့လို့အဲ့ဒီကျေးရွာနေ မခိုင်ဦး ၅၃နှစ်နဲ့ ဦးအောင်မြင့်အေး ၅၅ နှစ်တို့ ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် နေအိမ် ၅လုံးထိမှန် ပျက်စီးခဲ့ပြီး ၁လုံး မီးလောင်ပျက်စီးခဲ့ရသလို နေ့လည် ၂နာရီ ၁၅မိနစ်ခန့်မှာလည်း စစ်ကောင်စီက ရော့ကတ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ KNUက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ရက်နဲ့ ၆ရက်နေ့တွေမှာလည်း စစ်ကောင်စီဟာ လယ်ဒိုမြို့နယ်အတွင်းက အင်းနက်ကျေးရွာနဲ့ တရေးစီလော်(နရွဲပင်)ကျေးရွာအတွင်းကိုလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၁လုံးထိမှန်ပျက်စီးခဲ့ရပါသေးတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.