Home လူမှုစီးပွါးရေး တောင်ကုတ်က ဦးကျောက်တောင် နေအိမ် အပါဝင် နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းထား

တောင်ကုတ်က ဦးကျောက်တောင် နေအိမ် အပါဝင် နေအိမ် ၃၀ ကျော်ကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းထား

83
0
ပုံ - စီးပွာရေးလုပ်ငန်းရှင် ဦးကျောက်တောင်

CNA ၊မြတ်သူ။

တောင်ကုတ်မြို့က လူသိများတဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်တဲ့(ထာဝရအောင်မြေ ကုမ္ပဏီပိုင်ရှင်) ဦးကျောက်တောင် နေအိမ်အပါအဝင် နေအိမ် ၃၀ ကျော်လောက်ကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းထားတယ်လို့ အာရက္ခတပ်တော်ရဲ့ သတင်းရင်းမြစ်တွေ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီလို နေအိမ်တွေကို ချိတ်ပိတ်ခံလိုက်ရတဲ့ သူတွေ အများစုဟာ (ထာဝရအောင်မြေ ကုမ္ပဏီပိုင်ရှင်) ဦးကျောက်တောင် နဲ့ ဆက်စပ်သူတွေ ဖြစ်ကြပြီး ဦးကျောက်တောင်ဟာ စစ်ကောင်စီ နဲ့ လက်ရှိ အချိန်ထိ အလုပ်တူတူလက်တွဲ လုပ်ကိုင်နေတဲ့ အတွက် သူရဲ့ နေအိမ်ကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းလိုက်တာလို့ သိရှိထားရတယ်လို့ အာရက္ခတပ်တော်ရဲ့ သတင်းရင်းမြစ် နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

“တောင်ကုတ်မှာ နေအိမ် ၃၁ လုံးလောက်ကို ချိတ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ပြောတယ်။အဓိကတော့ ဦးကျောက်တော် နေအိမ်အပါအဝင် သူ နဲ့ ဆက်စပ်ပြီးတော့ အလုပ်လုပ်ကိုင်တဲ့ သူတွေ ဖြစ်တယ်လို့ ပြောတယ်။ အဲဒီ အာရက္ခတပ်တော် ထဲကအကြီးပိုင်းတစ်ယောက်ပြောတာကတော့ သူက စစ်ကောင်စီ နဲ့ အလုပ်ဆက်စပ်လုပ်နေလို့ သူ့တို့ နဲ့ အပေါင်းအပါအိမ်တွေကို ချိတ်ပိတ်ရတာဖြစ်တယ်လို့ တော့ ပြောတယ်။ဒီကိစ္စကတော ကျနော့်သဘောအရဆိုရင် မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒီလိုသာ ပိတ်မယ်ဆိုရင်စစ်တွေမှာဆိုရင် အများကြီး ပိတ်သိမ်းရမယ့် အနေအထားမှာ ရှိမယ်”လို့ သူကပြောပါတယ်။

ကုန်သည်ကြီး စီးပွားရေး လုပ်ငန်းရှင် (ထာဝရအောင်မြေ ကုမ္ပဏီပိုင်ရှင်) ဦးကျောက်တောင်ဟာ အရင်ခေတ်အဆက်ဆက်ကတည်းကပင် ဘယ်အစိုးရ လက်ထက်မှာမဆို သူ့ရဲ့စီးပွါးရေး လုပ်ငန်းကို အဆင်ပြေချော့မွေ့နိုင်ဖို့အတွက် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ဦးကျောက်တောင်ဟာ မောင်တောဒေသမှာ တိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်း သူရဲ့ စီးပွါးရေး လုပ်ငန်းတွေ ထဲက တစ်ခုဖြစ်တဲ့ ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ကုန်သွယ်ရေး လုပ်ငန်းဟာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ပိတ်လိုက်ရတဲ့ အတွက် ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအားကို ကုန်သွယ် ရေး သွားရောက်လုပ်ကိုင်ဖို့ အတွက် အဆင်ပြေတော့တာကြောင့် ရန်ကုန်မြို့ကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ကုန်သွယ်ရေး လုပ်ငန်းကိုလုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတောင်ကုတ်မြို့ အတွင်းက ဦးကျောက်တောင်နေအိမ် အပါအဝင် ဦးကျောက်တောင် နဲ့ ဆက်စပ်တဲ့ နေအိမ် ၃၁ လုံးကို အာရက္ခတပ်တော်က ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်ဆိုတာကို အာရက္ခတပ်တော်က အတည်ပြု ထုတ်ပြန်တာ မရှိသေးသလို အာရက္ခတပ်တော် ပြောခွင့်​ရ ဦးခိုင်သုခကို CNA က ဆက်သွယ်မေးမြန်းထားပေမယ်တစ်စုံတရာတော့ တုန့်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

ဒါ့အပြင် တစ်ဖက်မှာလည်း ဒီခြေအနေကို တွေကို အသေးစိတ်သိရှိနိုင်ဖို့ အတွက် CNA သတင်းဌာန အနေ နဲ့ ဦးကျောက်တောင်ကိုလည်း ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ကတော့ ရခိုင်မှာ အာရက္ခပြည်သူ့အစိုးရကိုဆန့်ကျင်သူ နဲ့ အကြမ်းဖက်အဖွဲ့တွေ နဲ့ ဆက်နွယ်ပတ်သက်သူတွေ ရဲ့ လုပ်ငန်း နဲ့ပိုင်ဆိုင်မှုတွေကို အာရက္ခပြည်သူ့အစိုးရပိုင် အဖြစ်နဲ့ သိမ်းဆည်းသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ မြို့နယ်အတွင်းမှာ တရားဝင်ထုတ်ပြန်ပြောဆိုထားကြောင်း အာရက္ခပြည်သူ့အစိုးရ ရဲ့ ထိပ်ပိုင်းအရာရှိ တစ်ဦးက အတည်ပြုပြောဆိုထားတာ ရှိပါတယ်။

အဲဒီလို ထုတ်ပြန်ပြောဆိုထားတာ နဲ့ အတူ ဘူသီးတောင် နဲ့ မောင်တောဒေသတွေ မှာလည်း မွတ်ဆလင်စီးပွါးရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ နေအိမ်အပါအဝင် နေအိမ် ၆၀ ကျော်လောက်ကိုလည်း ချိတ်ပိတ်သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here