Home သတင်း အာဏာသိမ်းနောက်ပိုင်းမှာ အမျိုးသမီး ၇၄ ဦးကို သေဒဏ် နဲ့ တစ်သက် တစ်ကျွန်းထောင်ဒဏ်ချမှခံထားရသူ

အာဏာသိမ်းနောက်ပိုင်းမှာ အမျိုးသမီး ၇၄ ဦးကို သေဒဏ် နဲ့ တစ်သက် တစ်ကျွန်းထောင်ဒဏ်ချမှခံထားရသူ

23
0
ပုံ - ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပနေမှုမြင်ကွင်း RISE Center

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အထိ စစ်ကောင်စီက အမျိုးသမီး ၇၄ ဦးကို တစ်သက်တစ်ကျွန်းထောင်ဒဏ် နဲ့ သေဒဏ်ပေးခံခဲ့ရတယ်လို့ NUG ကသတင်းထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်ကို NUG အစိုးရက ဒီနေ့ မတ်လ (၈)ရက်နေ့မှာ ကျရောက် တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထုတ်ပြန်ပြောဆိုလာခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော် လှန်ရေးမှာ အကြမ်းဖက်စစ်တပ်က လူမဆန်စွာဖမ်းဆီးချုပ်နှောင် အကျဥ်းချခံထားရတဲ့ သူတွေထဲမှာအရွယ်ရောက်ပြီး အမျိုးသမီး (၅,၉၅၂) ဦးရှိခဲ့ပြီး အဲဒီထဲက လက်ရှိအချိန်ထိ ဖမ်းဆီးခံရဆဲအမျိုးသမီးတွေထဲက (၂,၃၂၉) ဦးကို စစ်ကောင်စီက ပြစ်ဒါဏ်ချမှတ်ခံထားရတယ်လို့ဆိုပါတယ်။

အဲဒီလို ပြစ်ဒဏ်ချမှတ်ခံထားရသူတွေထဲက အမျိုးသမီး ၁၆ ဦးကို သေဒဏ်ချမှတ်ခံထားရပြီး နောထပ် ထောင်ဒဏ်တသက်တစ်သက် ချမှတ်ခံထားရသူ (၅၈) ဦး ပါဝင်ခဲ့ပြီး နွေဦးတော်လှန် ရေးကာအထဲမှာ ကျဆုံးသွားတဲ့ အမျိုးသမီးဦးရေဟာလည်း (၁,၉၆၅) ဦးရှိခဲ့ပြီး ဒီအရေအတွက်ဟာနွေဦးတော်လှန်ရေးအတွင်းမှာ အမျိုးသမီးတွေ အနေ နဲ့ ပါဝင်ကာ အနစ်နာခံ ပေးဆပ်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်မှာဖြစ်တယ်လို့လည်ဆိုပါတယ်။

ဒါကြောင့် ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာ့သမိုင်းတွင်သာမက မြန်မာ့သမိုင်းအဆက်ဆက် နိုင်ငံ‌ရေးအရွေ့တိုင်းမှ, အမျိုးသမီးတွေပါဝင်မှု အားထုတ်မှုတွေ ရှိခဲ့တဲ့ အတွက် ဒီနေ့လို ဂုဏ်ယူဖွယ်နေ့ ကျင်းပရတာ အဓိကအကြောင်းရင်းခံ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရ အေန နဲ့ ကမ္ဘာတစ်ဝှမ်းလုံးက အမျိုးသမီး အခွင့်အရေး နဲ့ ကျားမတန်းတူညီမျှရေး တွေ အတွက် နှစ်စဉ် အသိအမြင်မျှဝေရေး လှုပ်ရှားမှုများကို လုပ်ဆောင်ပေးခဲ့တာ ရှိခဲ့ပြီး ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့မှာလည်း အမျိုးသမီးတွေ အတွက် ဆောင်ပုဒ်တစ်ခု အနေ နဲ့ “For All women and Girls; Rights, Equality, Empowerment” အမျိုးသမီးများ ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူညီမျှမှု နဲ့ လုပ်ပိုင်ခွင့်ရရှိရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ရမှာဖြစ်သလို အဖွဲ့အစည်း အသီးသီးကလည်း ပံ့ပိုးလုပ်ဆောင်ကြရမှာဖြစ်ကြောင်းကိုလည်း တိုက်တွန်း ပြောဆိုထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်လည်း ၁၉၀၀ ခုနှစ် မတရားဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများကို တုန့်ပြန်တွန်းလှန်ဖို့ စိန်ခေါ်မှုတွေက တဆင့် စတင်လာခဲ့တာဖြစ်ပြီး ၁၉၀၈ ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့ အထည်ချုပ်စက်ရုံက အမျိုးသမီးများတွေ အနေ နဲ့ နိုင်ငံ‌ရေး နဲ့ စီးပွါးရေး တန်းတူညီမျှမှုဖြစ်တဲ့ မဲပေးပိုင်ခွင့်ရရှိရေး ၊ အလုပ်ချိန် လျှော့ချရေး နဲ့ လစာတိုးခွင့်ရရှိရေးတွေ အတွက် ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြတဲ့ ဂုဏ်ယူဖွယ် နေ့ထူး နေ့မြတ်တစ်နေ့လည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here