Home သတင်း ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းကိုစား နပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းရမယ်လို WFP ဆို

ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းကိုစား နပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းရမယ်လို WFP ဆို

116
0

CNA၊ မတ်လ ၊ ၁၄။

ရန်ပုံငွေ မလုံလောက်မှုကြောင့် ဧပြီလက စတင်ပြီးတော့ မြန်မာနိုင်ငံအတွင်းက လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီကို ရပ်ဆိုင်းရပါတော့မယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီနေ့မှာသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းစုံ နဲ့အတူ နေရပ်စွန့်ခွာရွှေ့ပြောင်းမှု သွားရောက်ကူညီခွင့်ကန့်သတ်မှုတွေ ပိုမိုများပြားလာနေတဲ့ အတွက်စားနပ် ရိက္ခာလိုအပ်ချက်တွေလည်းပိုမိုများပြားလာချိန်မှာမှ ငွေကြေးမလုံလောက်မှုကြောင့် အခုလို အထောက်အပံ့ရပ်ဆိုင်းမှု တွေကိုပါ ကြုံတွေ့လာနေရတာပါ။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က “အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်”လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ WFP အနေ နဲ့ ကျန်ရှိနေသေးတဲ့ ရန်ပုံငွေကို ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်တဲ့ အသက်ငါးနှစ်အောက် ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ နဲ့ မသန်စွမ်းသူတွေ အပါအဝင် မြန်မာနိုင်ငံ အတွင်းက လူဦးရေ ၃၅,၀၀၀ ခန့်ကိုပဲ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့ပေမယ့် အခု စားနပ်ရိက္ခာထောက်ပံ့မှုကိုရပ်ဆိုင်းခံလိုက်ရတဲ့ ပြည်သူတွေ အတွက် WFP ရဲ့ ပေးထားတဲ့ ကတိကဝတ်အတိုင်း ပြန်လည်ထောက်ပံ့ ပေးအပ်နိုင်ဖို့အတွက်ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင်တစ်ဖက်မှာလည်း ဒီထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာကြောင့် WFP ရဲ့ အထောက်အပံ့ကိုသာ အားထားနေရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတွေ နဲ့ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံအတွင်းမှာလည်း အခြေအနေတွေကဆက်လက်ပြင်းထန်ဆိုးရွားလာနေတာကြောင့် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားမယ်ဆိုရင် WFP အနေ နဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်နေတာကြောင့် မိတ်ဖက်အဖွဲ့အစည်းတွေ အနေ နဲ့လည်း မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ၊ တတ်နိုင်သမျှကူညီပံ့ပိုးကြဖို့ကိုလည်း Mr. Dunford က တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင်တစ်ဖက်ကလည်း WFP အနေနဲ့ မြန်မာပြည်တွင်းရှိ ပြည်သူတွေ အတွက်စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံနဲ့ အခက်ခဲဆုံးရာသီအချိန်ဖြစ်တဲ့

ဇူလိုင်လမှ စက်တင်ဘာလထဲမှာတော့ လူဦးရေ ၃၀၀,၀၀၀လောက်ကိုတော့ အရေးပေါ်အစီအစဥ်အနေ နဲ့ ပြန်လည်ပြီး အထောက်အပံ့များပေးအပ်သွားနိုင်ဖို့အတွက်ကိုလည်း ဦးစားပေးဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။

မြန်မာနိုင်ငံတွင် မှာ အရင်က နေ့စဥ်စားနပ်ရိက္ခလိုအပ်မှု ရှိသူ ၁၃ ဒသမ ၃ သန်းရှိခဲ့ပြီး လက်ရှိမှာတော့ လူဦးရေ ၁၅ ဒဿမ ၂ သန်းခန့်ဟာ နေ့စဉ်စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတဲ့ အနေအထားမှာ ရှိလာနေတာလည်း ဖြစ်ပါတယ်။

အဲဒီထဲက လူဦးရေ ၂ ဒဿမ ၃ သန်းဟာ နေ့စဥ်ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ်အခြေအနေထိ ရင်ဆိုင်နေကြရပြီး ဆက်လက်အသက်ရှင်သန်ရပ် တည်နိုင်ဖို့အတွက် ထမင်းအနပ်လျှော့စားနေရတာတွေ၊ ပိုင်ဆိုင်မှုတွေကို ရောင်းချကာဖြေရှင်းနေရတာတွေ နဲ့ အကြွေးနွံထဲ ရုန်းကန်နေရတာတွေ ရှိနေရတယ်လို့လည်း WFP က ပြောဆိုထားပါတယ်။

ပုံ – WFP

LEAVE A REPLY

Please enter your comment!
Please enter your name here