ပုဏ္ဏားကျွန်းမြို့က ကျေးရွာတွေမှာ အခုလာမယ့်လဧပြီလ အတွင်းမှာ ရေရှားပါးမှုဒဏ်ကို ပိုမိုခံစားလာရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ဟာ နှစ်စဉ်ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရတဲ့မြို့နယ်တခုဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကျေးရွာတွေမှာရှိနေတဲ့ ရေနဲ့ နေထိုင်တဲ့လူဦးရေမမျှတတာကြောင့် ရေရှားပါးမှုကို အရင်နှစ်တွေကထက် စောပြီး ရင်ဆိုင်ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒီနှစ်မှာတော့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို စစ်ရှောင်ရောက်ရှိလာသူဦးရေ များတဲ့ အတွက် အရင်နှစ်တွေကထက် ရေရှားမှုဒဏ်ကို စောလျှင်စွာခံစားခဲ့ကြရတာ ဖြစ်ပြီး အခုလာမယ့် ဧပြီလအတွင်းမှာတော့ ရေရှားပါးမှုဒဏ်ကို ဒေသခံတွေ နဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ ပုဏ္ဏားကျွန်းဒေသအတွင်းကို စစ်ဘေးရှောင်ဖို့ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ပြည်သူ တစ်ဦးက အခုလို ပြောဆိုထားပါတယ်။