CNA၊မြတ်သူ။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ရွှေဆိုင်ဖွင့်ထားတဲ့ မာန်အောင်မြို့ က ဒေသခံ အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက ပြန်ပေးဆွဲခံလိုက်ရတယ်လို့ ရန်ကုန်ရောက် မာန်အောင်ဒေသခံတွေဆီက သိရပါတယ်။
ပြန်ပေးဆွေးခံရတဲ့ သူကတော့ ရခိုင်ပြည်၊ မာန်အောင်မြို့ ၊ သိမ္ဗလကျေးရွာက အသက် ၄၀ ဝန်းကျင်ရှိတဲ့ ဒေါ် စန္ဒာလင်း(ခ) မိထုပ် ဆိုသူဖြစ်ပြီး သာကေတမြို့နယ်အတွင်းက အမှတ် (၁) စျေးအတွင်းမှာ လင်းလက်ရွှေစင်ဆိုင်အမည် နဲ့ ရွှေဆိုင်ဖွင့်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မနက်ပိုင်းမှာ သူနေထိုင်ရာ သာကေတမြို့နယ် ထူပါရုံ ၂၂ လမ်းကနေ ရွှေဆိုင်သို့ အသွားလမ်းမှာ အမည်မသိလူ ၄ ဦးဟာ ကားပေါ်ကနေ ဆင်းလာပြီး အတင်းဖမ်းဆီးကာ ဖမ်းဆီးသွားခဲ့ကြတာဖြစ် ကြောင်း ဒေါ် စန္ဒာလင်း(ခ) မိထုပ် မိသားစု နဲ့ နီးစပ်သူ တစ်ဉီးက CNA ကိုပြောပါတယ်။
“သူကတစ်ယောက်တည်းနေတာ။သူမှာတော့ ဒီမှာလည်း မိသားစုတွေ ရှိတယ်။ သူကမိသားစုတွေ နဲ့လည်း မတည့်ဘူး။ တစ်ယောက်တည်း နေတယ် တိုက်ခန်းမှာ။ဖြစ်တာကတော့ သူဆိုင်ဖွင့်ဖို့ သွားတော့ လမ်းထိပ်ကိုသွားတာ အဲဒီမှာ ကားပေါ်က လူလေးယောက်ဆင်းလာပြီးတော့ အတင်ဖမ်းခေါ်သွားတာ။သူ အကူအညီတောင်းပေမယ့် ဘေးနားကလူတွေကိုလည်း မဆိုင်တဲ့ လူဝင်မပါ နဲ့ ဘာညာ ဆိုပြီးတော့ အဲဒီထဲက တစ်ယောက်က ပြောတော့ ဘယ်သူမှ ဝင်မပါရဲကြဘူး။သူ့ကို ခေါ်သွားတဲ့ နေရာမှာ ဆောက်လုပ်ရေးလုပ်နေတဲ့သူတွေရှိတယ်။ ဘာမှန်းလည်းမသိတော့ ဝင်မပါရဲကြဘူးပေါ့”လို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။
အဲဒီပြန်ပေးဆွဲသွားတဲ့ ကားဟာ ပြန်ပေးမဆွဲမှီ ၂ ပတ်လောက်ကတည်း ကပင် သူရဲ့ နေအိမ် အနီးမှာ နေ့စဥ်လိုလို ရောက်ရှိနေတဲ့ ကားတစ်စီးဖြစ်တယ်လို့လည်း ရပ်ကွက်နေ မာန်အောင်ဒေသခံ တစ်ဦးကပြောပါတယ်။
“သူနေတဲ့ ရပ်ကွက်နဲ့ ကျမတို့နေတဲ့ နေရာကတော့ သိမ်းမဝေးဘူး သူ့ကိုပြန်ပေးဆွဲသွားတဲ့ Alphard ကားအဖြူက သူတို့ အိမ်နားကို ရောက်နေတာ ၂ ပတ်လောက်ရှိနေပြီး ပြီးတော့ သူတို့တွေက ဘာလားဆိုတာကိုလည်း ကိုတေကမသိဘူး။ပြီးတော့ အဲဒီအမျိုးသမီးက ရပ်ကွက်ကလူတွေ နဲ့လည်း ခပ်ကင်းကင်းနေတယ်။သူ့မိသားစုနဲ့တောင် မတည့်တဲ့သူများတယ်။ အခုလည်း ပြန်ပေးဆွဲသွားတာလား အတင်းပဲ ခိုးယူသွားတာလားတော့ ဘယ်သူမှ မသိဘူး”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒေါ် စန္ဒာလင်း(ခ) မိထုပ် ဟာ နေအိမ်ကို ပြန်လည်မရောက်ရှိလာသေးသလို့ ဖုန်းအဆက်အသွယ်လည်း မရရှိသေးဘူးလို့ သိရှိထားရတယ်လို့ သူရဲ့ မိသားစုဝင်တွေ နဲ့ နီးစပ်တဲ့ မာန်အောင် ဒေသခံ တွေကပြောပါတယ်။
ဒေါ် စန္ဒာလင်း(ခ) မိထုပ်ကို ကားပေါ်အဆင်းခေါ်တင်သွားတဲ့ နေမှာ သူ နဲ့ အတူ ရွှေထည်ပစ္စည်း အများအပြားလည်း ပါးဝင်သွားပြီး အလေးချိန် နဲ့ တန်ဖိုးဘယ်လောက်ပါဝင်သွားတယ်ဆိုတာကိုတော့ လောလောမှာ မိသားစုတွေ အနေ နဲ့လည်း မသိရှိရသေးဘူးဖြစ်နေတယ်လို့ ဆိုကြပါတယ်။