Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ပုဏ္ဏားကျွန်း နဲ့ ပေါက်တော ကို လေကြောင်းကနေ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

ပုဏ္ဏားကျွန်း နဲ့ ပေါက်တော ကို လေကြောင်းကနေ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

37
0

CNA ၊ လင်းလင်း။

ဒီနေ့ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့ နဲ့ ပေါက်တောမြို့ကို ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်တာလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက ကျော်ဇံကျေးရွာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိခဲ့သလို ပေါက်တောမြို့နယ် အတွင်းက သဲခုံ နဲ့ မင်းတဲကျေးရွာ ကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့တယ်လို့ ပြောပါတယ်။

ပေါက်တော မြို့နယ်မှာတော့ ဒီတိုက်ခိုက်မှုကြောင့် သဲခုံရွာ စာသင်ကျောင်း နဲ့ မင်းတဲရွာ ဘုန်းကြီးကျောင်းနားအနီးတဝိုက်ကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲတာ ရှိခဲ့ပြီးတော့ အဆောက်အဦး တချို့ ပျက်စီးတာရှိခဲ့ရတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ မှာတော့ စစ်ကောင်စီကြဲချလိုက်တဲ့ ဗုံးတွေဟာ ကျော်ဇံကျေးရွာအနီးက တောတန်းတွေကိုသာ ကျရောက်ပေါက်ကွဲခဲ့တာ ရှိခဲ့တဲ့ အတွက် ထိခိုက်ပျက်စီးတာတွေ တော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်တွေကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာကို လုပ်ဆောင်လေ့ရှိတဲ့ အပြင် စစ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကလည်း လက်နက်ကြီးတွေ နဲ့ နေ့စဥ် နဲ့ အမျှပစ်ခတ်တာတွေကို လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီဟာ ပုဏ္ဏားကျွန်းမြို့အတွင်းက ကွမ်းတောင်ရွာကို လေကြောင်း ကနေတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တာ ရှိခဲ့ရပါသေးတယ်။

ဒါ့အပြင် မတ်လ ၁၈ ရက်နေ့ကလည်း မြောက်ဦးက သကျမာရ်အောင်ဘုရားအနီးတဝိုက်ကို Cluster ဗုံးနဲ့ လေကြောင်းက နေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာ ရတာ ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here