Home သတင်း စစ်ရေး အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်းတက်ရောက်မယ့်သူတွေ ခေါ်ယူဖို့ လုပ်ဆောင်တာတွေ ရှိနေ

အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်းတက်ရောက်မယ့်သူတွေ ခေါ်ယူဖို့ လုပ်ဆောင်တာတွေ ရှိနေ

65
0
ပုံ - ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အရာရှိလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် ၃ ဆင်းပွဲ အခမ်းအနား

CNA ၊မြတ်သူ။

ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ မြို့နယ် ၁၄ ခုမှာ အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်းတက်ရောက်မယ့်သူတွေ ခေါ်ယူဖို့ လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

ဒီခေါ်ယူမှုကို အာရက္ခတပ်တော်က လာမယ့်ဧပြီးလအတွင်းမှာ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ စစ်သင်တန်’ခေါ်ယူမယ့် ကိစ္စ နဲ့ ပတ်သက်ပြီးတော့ အသိပေးပြောဆိုတာ၊စည်းရုံးရေး လုပ်ဆောင်တာ စတာတွေကို စတင်လုပ်ဆောင်နေပြီး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

“လက်ရှိကတော့ သံတွဲ ၊ ဂွမှာတော့ စည်းရုံးရေးတွေဆင်းတာ နောက်ပြီး အသိပေးတာတွေလုပ်နေတာတွေ ရှိတယ်။ အတင်းခေါ်တာတွေတော့ မဟုတ်သေးဘူး နောက်ပိုင်းတော့ ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ မသိသေးပါဘူး။ လက်ရှိကတော့ ဟောပြောပွဲခေါ်ရင်သွားကြတယ် အဲလောက်ပဲ ရှိသေးတယ်”လို့ သူကပြောပါတယ်။

လက်ရှိ စစ်သင်တန်းတက်ရောက်ရမယ့်သူ အသက်အရွယ်တွေက အမျိုးသမီးတွေ အနေ နဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းနဲ့ အမျိုးသားတွေ ဆိုရင်တော့ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းရှိတဲ့ သူတွေက စစ်သင်တန်းတက်ရမှာ ဖြစ်တယ်လို့ ကြိုတင်အသိပေး ပြောဆိုထားတဲ့ အထဲမှာပြောဆိုထားတာ ရှိတယ်လို့ လည်းသူကပြောပါတယ်။

ကျောက်တော်မြို့နယ် အတွင်းမှာလည်း အခုလို ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်းတက်ရောက်ရမယ့် သူတွေကို လိုက်လံ စာရင်းကောက်ခံတာတွေ ရှိနေပြီး အဲဒီလို စာရင်းကောက်ခံနေတဲ့ အပေါ်မှာ ဒေသခံ တွေ အနေ နဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ အမည်မဖော်လိုသူ ကျောက်တော်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ဒီမှာတော့ စာရင်းတွေ စပြီးကောက်နေတာတော့ ရှိနေပါတယ် တစ်အိမ်တစ်ယောက်ဝင်ရမယ်လို့တော့ ပြောတယ်။ဒီအပေါ်မှာတော့ လူတွေက လည်းစိုးရိမ်မှုတွေလည်း ရှိကြတယ်။ဘာကြောင့်စိုးရိမ်တာလဲ ဆိုတော့ လူတိုင်းက စစ်သားဖြစ်ချင်တဲ့ သူတွေမှာ မဟုတ်တာ ကိုယ့်ရည်မှန်းချက် ကိုယ့်ဝါသနာဆိုတာလည်းရှိတာကို အဲဒီဟာကို မလုပ်မဖြစ်လုပ်ရင်မယ်ဆိုတော့ သူတို့ သွားချင်တဲ့ သူတို့ ဝါသနာပါတဲ့ လုပ်ငန်းတွေ ထိခိုက်မှာ စိုးလို ဖြစ်တယ်”လို့သူကပြောပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော် အနေ နဲ့ လက်ရှိရပ်ရွာလုံခြုံရေးအတွင် စစ်သင်တန်းတက်ရောက်ဖို့ အတွက်ခေါ်ယူတဲ့ နေရာမှာ အတင်းအဓမ္မခေါ်ယူတာမဟုတ်ပဲ စိတ်အားထက်သန်ပြီး စစ်မှုထမ်းအတွက် ဝင်ရောက်လိုတဲ့ သူတွေကိုသာ ရွေးချယ်ပြီး ခေါ်ယူသင့်တယ်လို့လည်း ဒေသခံ ပြည်သူတွေက အကြံပြုပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အဲဒီလို ပဲ မြေပုံမြို့နယ်အတွင်းမှာ ပြည်သူတွေ အနေနဲ့ ရပ်ရွာလုံခြုံရေး အတွက် စစ်သင်တန်းတက်ရောက်ရမယ်လို့ အာရက္ခတပ်တော်ကပြေဆိုမှုတွေ ရှိပြီးတော့ လက်ရှိမှာတော့ စာရင်းကောက်တာ ဘာညာ လုပ်ဆောင်တာတွေကိုတော့ မတွေ့ရသေးဘူးလို့ မြေပုံမြို့ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရပ်ရွာလုံခြုံရေးအတွက်ဆိုကာ စစ်မှုထမ်းခေါ်ယူဖို့ လုပ်ဆောင်နေမှု အခြေအနေ နဲ့ ပတ်သက်ပြီး အသေးစိတ်ကို သိရှိနိုင်ဖို့အတွက် အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို CNA အနေ နဲ့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ရဲ့ အရာရှိတချို့ကတော့ ကိုယ်ပြည့် ကိုယ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းတက်ရောက်ရမယ်ဆိုတဲ့ စကားပြောဆိုပြီးနောက်ပိုင်းမှာ ဒေသအတွင်းက စစ်သင်တန်းမတက်ရောက်လိုတဲ့ ပြည်သူတွေ ဟာ ဒေသအတွင်းကထွက်ပြေးတိမ်းရှောင်ဖို့ လုပ်ဆောင်တာရှိနေတယ်ဆိုတဲ့ အသံတွေကို ကြားနေရတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားပြောဆိုမှုရှိနေတာတွေကိုလည်း တွေ့နေရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here