စစ်ကောင်စီအာဏာသိမ်းပြီး ၄ နှစ်တာ ကာလအတွင်း မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းမှုအောက် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၀၁၉ ဦး ဟာသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က သတင်းထုတ်ပြန်လာပါတယ်။
ဒီထုတ်ပြန်ချက်ကိုပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ “နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ထုတ်ပြန်ချက်”ထဲမှာ ထည့်သွင်းဖော်ပြထားတာလည်းဖြစ်ပါတယ်။
စစ်ကောင်ဟာ ဒီလေးနှစ်တာကာလ အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသား ၂၈၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ခြင်းထားပြီးတော့ ၂၂၀၀၀ကိုတော့ ထောင်ဒဏ် ချမှတ်တာတွေကိုလည်း လုပ်ဆောင်ထားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ အရပ်သားအစိုးရကို စစ်ကောင်စီက အာဏာသိမ်းယူတာလုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီဟာ လူ့အခွင့် အရေးချိုးဖောက်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် နဲ့ စနစ်တကျ ကျူးလွန်ခဲ့တာကြောင့် မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေကို အဆိုးရွားဆုံးအခြေအနေနဲ့ရင်ဆိုင်နေကြရတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဥပဒေတွေကို လက်လွတ်စပယ် ပြင်ဆင်ခြင်းတာ ပြဋ္ဌာန်းတာတွေကို လုပ်ဆောင်ခဲ့ပြီးတော့ အဲဒီ ဥပဒေတွေ နဲ့ဆန့် ကျင်သူမှန်သမျှကို မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာ၊ ထောင်ချတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးများအပေါ်မှာလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ၊ အပြစ်မဲ့ ပြည်သူတွေကို အစုအလိုက် အပြုံလိုက် အကြောင်းမဲ့ နှိပ်စက် သတ်ဖြတ်တာတွေ လူမျိုးတုန်းစေမှုတွေ၊ အရပ်သားများကို ပစ်မှတ်ထားပြီးတော့ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦးတွေကိုလည်း မြေပြင်က ဒါမှမဟုတ်လေကြောင်းကတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ မူလနေရပ်တွေကနေ အတင်းအဓမ္မ မောင်းထုတ်တာတွေကိုအဆက်မပြတ်ပြုလုပ်ပြီးတော့ ကြီးမားတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုတွေကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေဆီမှာ စစ်အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ အရင် စစ်အာဏာရှင်လက်ထက်က ရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်ကို ပြန်လည် အသက်သွင်းပြီးတော့ လူငယ်၊ လူရွယ်တွေကို အတင်းအဓမ္မ ခေါ်ယူဖမ်းဆီးပြီးတော့ စစ်မြေပြင်ကိုစေလွတ်ကာ စစ်တိုက်ခိုင်းတာတွေ ရှိနေတဲ့ အတွက်လူငယ်မျိုးဆက်တွေဟာ အနာဂတ်ပျောက်ဆုံးမှုတွေ နဲ့ပါ ရင်ဆိုင်နေကြရတယ်လို့လည်းဆိုထားပါတယ်။
အဲဒီလို စစ်အာဏာသိမ်းမှု အကျိုးဆက်တွေ ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ သတ်ဖြတ်ခြင်းခံနေကြရပြီး သန်းနဲ့ ချီတဲ့ ပြည်သူတွေဟာလည်း နေရပ် အိုးအိမ် ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ပြီးတော့ စစ်ဘေးရှောင်ဘဝတွေ နဲ့ တောတောင်တွေထဲမှာ အစာရေစာ ငတ်မွတ်မှုတွေ နဲ့ ရင်ဆိုင်နေကြရသလို စစ်မှုထမ်းဥပဒေကြောင့်လည်း အနာဂတ်လူငယ်တွေရဲ့ အသက်ပေါင်း များစွာဟာ သေကြေပျက်စီးနေရတယ်လို့”နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပြောဆိုထားပါတယ်။





**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.