CNA ၊ လင်းလင်း။
ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် လုပ်နေတာဟာ မိသားစု နဲ့ ပါတီအတွက်သာ လုပ်နေတာမဟုတ်ဘဲ နိုင်ငံထဲမှာ ရှိနေကြတဲ့ ပြည်သူလူထုတရပ်လုံးအတွက် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ဉက္ကဌ စောမြရာဇာလင်းက ပြောဆိုလိုက်ပါတယ်။
အဲဒီပြောဆိုမှုကို စောမြရာဇာလင်း အနေ နဲ့ (NSPNC) ဉီးဆောင်မှု နဲ့ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေပွဲအပြီး မီဒီယာတွေ မေးမြန်းတဲ့ နေရာမှာပြောဆိုထားတာလည်း ဖြစ်ပါတယ်။
“ကျမတို့ငြိမ်းချမ်းရေးလုပ်နေရခြင်းက ကျမတတစ်ယောက်တည်းအတွက်မဟုတ်ဘူး ကျမမိသားစုအတွက် သက်သက်မဟုတ်ဘူး ကျမပါတီအတွက် သက်သက်မဟုတ်ဘူး ကျမကြိုးပမ်းနေခြင်းသည် ကျမတို့နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ပြည်သူလူထုတရပ်လုံးအတွက် လုပ်နေခြင်းဖြစ်တယ်။ကျမတို့အနေ နဲ့ ဒီလိုကြိုးပမ်းခြင်းသည် အစိုးရ တဖက်တည်းကို မက်လုံးပေးပြီးတော့ လုပ်နေတာမဟုတ်ဘူး အစိုးရကိုလည်း ကိုယ်ချင်းစာတာရှိသလိုနယ်ပယ်ဒေသ အသီးသီးမှာ ဒုက္ခတွေ ရောက်နေကြတဲ့ မိသားစုအားလုံးရဲ့ ဖြစ်စဉ်ကိုလည်း ရင်ထဲမှာ ခံစားပြီးတော့မှ တစ်နိုင်ငံလုံးအေးချမ်းရေး အတွက်ကို ကျမတို့ ကြိုးပမ်းနေတာဖြစ်တယ်”လို့ စောမြရာဇာလင်းက ပြောဆိုသွားတာပါ။
လက်ရှိ စောမြရာဇာလင်း အနေ နဲ့ (NSPNC) ဉီးဆောင်မှု နဲ့ ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေပွဲကို တက်ရောက်လာတာဟာ မငြိမ်းချမ်းမှုတွေ ဖြစ်ပေါ်နေတာအပေါ်မှာ ငြိမ်းချမ်းမှုတွေ ရလာအောင် အားသွန်ခွန်စိုက်ဆွေးနွေးဖို့ အတွက် ဒီပွဲကို တက်ရောက်လာတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီဆွေနွေးပွဲကဆွေးနွေးမှုကရလာတဲ့ အကျိူးရလဒ် စစ်ခေါင်းဆောင်နိုင်ငံတော် အကြီးအကဲတွေဆီကို တင်ပြသွားမှာ ဖြစ်ပြီးတော့ အခုလိုဆွေးနွေးမှု လုပ်ဆောင်တာဟာ ဆွေးနွေးမှုမလုပ်ဆောင်ဘဲ နေတာထက် အကျိုးရလဒ်ကောင်းမှာ ဖြစ်ပြီး ငြိမ်းချမ်းရေးဆိုတာကိုလည်း ပြည်သူလူထု အနေ နဲ့ ပိုသိလာမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိ စစ်ကောင်စီက လုပ်ဆောင်ဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အလုံးစုံပြောင်းလဲသွားမှာ မဟုတ်သလို ငြိမ်းချမ်းရေး အတွက်ကိုတော့ တစ်ပိုင်းတစတော့ အထောက်အကူပြုမှာ ဖြစ်သလို ဒီရွေးကောက်ပွဲ တစ်ခုတည်းနဲ့တော့ နိုင်ငံတော် သစ်ဆီကို သွားလို့ မရတဲ့ အနေ အထားမှာရှိတယ်လို့လည်း ဆိုထားပါတယ်။