တိုင်းရင်းသားလက်နက်ကိုင်နဲ့ PDFတွေကို စစ်ပွဲဆက်လက်ဆင်နွဲသွားမယ်လို့ နှစ် ၈၀ ပြည့် တပ်မတော်နေ့ စစ်ရေးပြမိန့်ခွန်းမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုသွားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ PDFတွေဟာ နိုင်ငံအတွင်းဖြစ်ပေါ်တာလာတဲ့ ပြသနာကိုအခွင့်ကောင်းယူပြီး နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ကစွပ်စွဲပြော ဆိုပါတယ်။
အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးနေတဲ့ အကြမ်းဖက်သောင်းကြမ်းသူတွေဟာ ထာဝရငြိမ်းချမ်းရရှိပြီး ပြည်ထောင်စုနဲ့အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် နယ်တနယ်၊ ဓါးတစင်း၊ စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးနေတယ်လို့ စစ်ခေါင်း ဆောင်က စွပ်စွဲ ပြောဆိုပါတယ်။
နယ်မြေဒေသအလိုက် အာဏာရရှိဖို့ကြိုးစားနေတဲ့ အကြမ်းဖက်သောင်းကြမ်းသူတွေရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ မြို့၊ ရွာတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူအားလုံးက သူတို့ကို မုန်းတီးနေကြပြီဖြစ်တယ်လို့လည်း စွပ်စွဲပြော ဆိုပါတယ်။
အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေမှုအပေါ် လက်မခံနိုင်သလို ဒို့တာဝန်အရေး(၃)ပါးကို ထိပါးလာတဲ့ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်တွေကိုလည်း လုံးဝလက်သင့်ခံမှာမဟုတ်ဘဲ တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ ပါဝင်မှုနဲ့အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်အောင်လှိုင်က သတိပေးပြောဆိုသွားတာဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာ တပ်မတော်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဉ်အလာမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် တပ်မတော်သားတွေအနေနဲ့လည်း ပြည်သူကို ကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသမ်းစောင့်ရှောက်ဖို့အတွက်၊ အသက်ကို ပဓာနမထားဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကြေပွန်စွာထမ်းဆောင်ကြဖို့ကိုလည်း စစ်ခေါင်းဆောင်းက မှာကြားထားပါသေးတယ်။





Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.info/tr/register?ref=MST5ZREF
**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.