ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှု၊သေဆုံးထိခိုက်ဒဏ်ရာရမှု အခြေအနေတွေ နဲ့ ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနတွေ အနေ နဲ့ သတင်းဝင်ရောက် ရယူခွင့်ပြုကို စစ်ကောင်စီ ဆီမှာ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ဝင်ခွင့် မပြုဘူးလို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ၇.၇ ပြင်းအားရှိ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ အတွက် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ အင်းလေး၊ အောင်ပန်း အစရှိသည့်မြို့တွေမှာ အဆောက်ဦးတွေ ပြိုကျပျက်စီးတာ ၊လမ်းတံတားတွေ ပျက်စီးတာ လူတွေပိတ်မိသေဆုံးတာ ဒဏ်ရာရတာ လူးဦးရေ ထောင်ကျော်ထိရှိလာနေတာလည်း ဖြစ်ပါတယ်။
အဲဒီလို လူပေါင်းများစွာ ထောင်ကျော်ပိတ်မိသေဆုံးနေချိန်မှာ ကူညီကယ်ဆယ်မှုများ အရေးတကြီးလိုအပ်နေချိန်မှာ ငလျင် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရယူပိုင်ခွင့်တွေကိုပါ စစ်ကောင်စီက ကန့်သတ်ပိတ်ဆို့လိုက်တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက နိုင်ငံတကာ သတင်းထောက်များက သတင်းယူခွင့်တောင်းဆိုတဲ့ အပေါ်မှာပြန်လည်ပြောဆိုထားတာက” “နိုင်ငံခြားသတင်းထောက်များ လာဖို့ ခွင့်တောင်းတာ ရှိပါတယ်။ နိုင်ငံခြား သတင်းထောက်များအနေနဲ့ ဒီကို ရောက်လာရင်လည်း ကျနော်တို့ တည်းစရာ နေစရာ အဆင်မပြေပါဘူး။ ဟိုတယ်တော်တော်များများကလည်း ထိခိုက်ထားတာရှိတယ်။ ဒါ့ပြင် လျှပ်စစ်မီးလည်း တော်တော်များ များနေရာမှာ မရရှိသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့ အားလုံးကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန် ဖြစ်ပါတယ်” လို့အကြောင်းပြချက်ပေးကာ ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိ ငလျင်အခြေအနေတွေ နဲ့ ပတ်သက်ပြီး စစ်ကောင်စီက တိုင်း နဲ့ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်စတဲ့ တာဝန်ရှိသူတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေရတဲ့ အတွက် နိုင်ငံခြားသတင်းထောက်တွေ အနေ နဲ့ တည်းခိုရေးအပြင် သွားလာရေးတွေ အဆင်မပြေနိုင်တာကြောင့် သတင်းရယူပိုင်ခွင့်မပြုဘူးလို့ ပြောဆိုလိုက်တာဟာ လက်ရှိ မြန်မာပြည်တွင်းမှာ စစ်ကောင်စီက မတရားလုပ်ဆောင်နေမှုတွေကို နိုင်ငံတကာက သိသွားမှာကို စိုးရိမ်တဲ့ အတွက် အကြောင်းပြချက်ခိုင်လုံမှု မရှိဘဲ စစ်ကောင်စီက သတင်းရယူခွင့်ကို ကန့်သတ်တားမြစ်လိုက်တာ ဖြစ်တယ်လို့လည်း သတင်းထောက်တွေက ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။





I don’t think the title of your enticle matches the content lol. Just kidding, mainly because I had some doubts after reading the enticle. https://www.binance.com/fr-AF/register?ref=JHQQKNKN
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.info/fr/register?ref=T7KCZASX