Home သတင်း စစ်ရေး မောင်တောမှာ အာရက္ခတပ်တော်က ညမထွက်ရ အမိန့်ထုတ်ပြန်

မောင်တောမှာ အာရက္ခတပ်တော်က ညမထွက်ရ အမိန့်ထုတ်ပြန်

57
0
မောင်တောမြို့ မြင်ကွင်း

CNA ၊ မြတ်သူ။

အာရက္ခတပ်‌တော် ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ မောင်တော မှာ ညမထွက်ရအမိန့်ကို အာရက္ခတပ်တော်က မတ်လ ၃၁ ရက်နေ့ ညနေမှာ ထုတ်ပြန်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက CNA ကိုပြောပါတယ်။

အာရက္ခတပ်တော် က အခုလို ညမထွက်ရအမိန့်ထုတ်ပြန်ရတာဟာ ဒေသခံ ပြည်သူတွေ အနေ နဲ့ အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့တွေ ဖြစ်တဲ့ ARSA၊ RSO ၊ ARA အဖွဲ့တွေ ရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို့ ပြောဆိုထားကြောင်း မောင်တော ဒေသခံ တစ်ဦးက CNA ကို ပြောပါတယ်။

“အဓိကတော့ ဒီ အကြမ်းဖက်သောင်းကျန်းသူတွေ ဖြစ်တဲ့ ARSA၊ RSO ၊ ARA အဖွဲ့တွေရဲ့ ရန်ကြောင့် အခုလို ညမထွက်ရအမိန်ကို ထုတ်ပြန်တာလို့ပြောပါတယ်။မနက် ၆ ည ၆ မထွက်ရဘူးလို့တော့ ပြောထားပါတယ်”လို့ အဲဒီဒေသခံ ကပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက်ရက်နေ့မှာ အကြမ်းဖက်သောင်းကျန်းသူတွေဖြစ်တဲ့ ARSAအဖွဲ့က တောင်ပြို – ကြိမ်ချောင်း ကားလမ်း မီးတိုက်ကျေးရွာအနီးကို ဆိုင်ကယ် နဲ့ကင်းလှည့်လာတဲ့ အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့တဲ့ အတွက် အကြမ်းဖက် ARSA အဖွဲ့တွေရဲ့ လက်ချက် နဲ့ အာရက္ခတပ်တော် ရဲ့ ရဲဘော် ၂ ဦးသေဆုံးခဲ့ရတဲ့ ရုပ်သံကို ARSA အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာ တော့ အာရက္ခတပ်တော် အနေ နဲ့လည်း ဒေသအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ ရဲ့ လုံခြုံရေးကို စိုးရိမ်လာတဲ့ အတွက် အခုလို ညမထွက်ရအမိန့်ကို နူတ် နဲ့ ပထမဆုံးထုတ်ပြန်ကာ ဒေသခံ ပြည်သူတွေ ကို အသိပေးထားတာ ဖြစ်တယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

“လောလောဆယ်မှာတော့ နူတ်နဲ့ အမိန့်ထုတ်ထားတာလို့ သိရတယ်အဓိကတော့ လုံခြုံရေး အခြေနေကြောင့် ထုတ်ရတာပေါ့ နောက်ပိုင်းတော့ တရားဝင်စာထုတ်လာလိမ့်မယ်”လို့ အဲဒီ နီးစပ်သူတွေက ပြောပါတယ်။

ဒီလို အကြမ်းဖက် လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ARSA အဖွဲ့ ရဲ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အာတာဘူလာကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်းတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် လက်ရှိ ကျန်နေသေးတဲ့ တပ်ဖွဲ့ဝင်တွေက အာရက္ခတပ်တော် နဲ့ အရပ်သား ပြည်သူတွေကို တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

အခုလို အာရက္ခတပ်တော်က ညမထွက်ရအမိန့်ထုတ်ပြန်လာထားတဲ့ အပေါ်မှာနောက်ထပ်မောင်တော ဒေသခံ တစ်ဦးက ပြောတာက“လိုလို့ထုတ်တာလို့ပဲ မြင်ပါတယ်။မထုတ်ဘဲ ထားရင်လည်း ကျနော်တို့ အတွက် မလုံခြုံစိတ်နဲ့နေနေရရင် ဘာမှတော့ မထူးဘူး။အခုထုတ်လိုက်တာကောင်းတယ်။အမြင်ကတော့ လိုလို့ ထုတ်တယ်လို့ပဲ မြင်တယ်”လို့ သူကပြောပါတယ်။

ဒီအခြေအနေတွေ နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ အတွက် CNA အနေ နဲ့ အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ မောင်တောကို စစ်ကောင်စီလက်ထဲက နေအပြီးသတ် သိမ်းပိုက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ အကြမ်းဖက်သောင်းကြမ်းသူ အဖွဲ့တွေ ဖြစ်တဲ့ ARSA၊ RSO ၊ ARA အဖွဲ့တွေဟာ ရခိုင် နဲ့ ဘင်္ဂလားဒေရှ်နယ်စပ် မောင်တောဒေသမှာ အရပ်သားပြည်သူ နဲ့ အာရက္ခတပ်တော် ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်တာ မကြာခဏဆိုသလို လုပ်ဆောင်တာတွေ ရှိနေခဲ့ပြီး အာရက္ခတပ်တော် နဲ့လည်း နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေခဲ့တာဖြစ်တယ်လို့ လည်း ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here