မြန်မာ့ မြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေကို လွတ်လပ်စွာသတင်းရယူခွင့်ပြုပေးဖို့ လုပ်အပ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ဒီနေ့ မှာ သတင်းထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ နိုင်ငံတကာသတင်းထောက်တွေကို ပြည်တွင်းကို ပေးမဝင်လိုကြောင်း ပြောဆိုချက်အပေါ် IPCMက ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
ဒီပြောဆိုချက်ကို IPCMအနေ နဲ့ ရှုတ်ချကန့်ကွက်ပြီး အများပြည်သူနဲ့ နိုင်ငံတကာပြည်သူတွေ၊ ကူညီပံ့ပိုးနိုင်တဲ့ အဖွဲ့အစည်းတွေ မြန်မာ့ မြေငလျင်အခြေအနေကို သိရှိဖို့အတွက် သတင်း ရယူ တင်ဆက်ဖော်ပြခွင့်ရရှိဖို့ တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။
မြန်မာ့မြေငလျင်ဒဏ်အခြေအနေကို အရေးပေါ်ကယ်ဆယ်ရေးကာလ ကနေ ပြန်လည်ထူထောင်ရေး ကာလအထိ ရင်ဆိုင်ဖြေရှင်းရာမှာ ပြည်တွင်း၊ ပြည်ပကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေသာမက သတင်းမီဒီယာသမားတွေမြေပြင်ကွင်းဆင်းပြီး လုံခြုံလွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ပေးဖို့ဟာလည်း အရေးကြီးတယ်လို့ ဆိုထားပါတယ်။
အဲဒီလိုမှသာ မှန်ကန်တဲ့ သတင်း အချက်အလက်တွေကို ငလျင်ဒဏ်ခံပြည်သူတွေနဲ့ ကူညီကယ်ဆယ်သူတွေက သိရှိဖို့လိုအပ်သလို၊ အကူအညီလိုအပ် သူတွေထံ ရောက်၊ မရောက်၊ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှု ရှိ၊ မရှိဆိုတာကို သတင်းမီဒီယာက ကူညီပံ့ပိုးပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံအတွင်း ငလျင်ဒဏ်သက်ရောက်မှုတွေကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်တွေကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးဖို့လည်း IPCM က တောင်းဆိုထားပါတယ်။
ဒါ့အပြင့် ယခုလို ကပ်ဘေးကာလမျိုးမှာ စစ်ကောင်စီက ပိတ်ဆိုထားတဲ့ အင်တာနက်ကန့်သတ်ပိတ်ဆို့ခြင်းကို ပြန်လည်ဖွင့်ပေးဖို့နဲ့ နိုင်ငံတကာအကူအညီတွေထဲက အမေရိကန်ရဲ့ Starlink ဆက်သွယ်ရေးစနစ်တွေကို အများပြည်သူအကျိုးစီးပွားကို မျှော်ကိုးပြီး စစ်ကောင်စီ အနေနဲ့ အလျင်အမြန် လက်ခံ အသုံးပြုဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။
စစ်ကောင်စီရဲ့ မတ်လ ၃၁ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၂၇၀ ကျော်ထိ ရှိလာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။







I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
этот контент krab2at