ငလျင်ကြောင့် မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ လူ ၁၂ဦးသေဆုံးထားတာကို ကနဦးသိရှိထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်လာပါတယ်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်မှာ အိုးဘိုအကျဉ်းထောင်အတွင်းက အဆောက်အဦး တချို့ပါ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အိုးဘိုအကျဉ်းထောင်အတွင်းက အမျိုးသမီး အဆောင်(၁)နဲ့ အဆောင်(၂)ပြိုကျမှုဖြစ်စဉ်မှာဆိုရင် အမျိုးသမီး အနည်းဆုံး ၂ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးခန့် ရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။
လက်ရှိအချိန်ထိ PPNMရဲ့ နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရဆိုရင် အိုးဘိုအကျဉ်းမှာ ငလျင်ကြောင့် သေဆုံးသူ ၁၂ဦးရှိတယ်လို့ ကနဦးသိထားရပြီး၊ အဲ့ထဲက ၄ ဦးရဲ့သေဆုံးမှုကိုတော့ အတည်ပြုထားနိုင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အတည်ပြုထားတဲ့ သေဆုံးသူ ၄ဦးဟာ ကျား ၁ဦး၊ မ ၂ဦးနဲ့ ကျား/မသေချာအတည်ပြုဖို့လိုအပ်နေသူ ၁ဦးဖြစ်ပြီး၊ သူတို့ဟာ အကျဉ်းသား ဒါမှမဟုတ် ဝန်ထမ်းလားဆိုတာကိုတော့ သီးခြားခွဲယူကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
ကျန်သေဆုံးသူ ၈ဦးရဲ့ အချက်အလက်တွေကိုတော့ ထပ်မဲအတည်ပြုနေဆဲဖြစ်တယ်လို့လည်း PPNMက အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ မတ်လ ၃၁ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ဦး၊ ဒဏ်ရာရသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၂၇၀ ကျော်ထိ ရှိလာနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစာရင်းဟာ အကျဉ်းထောင်တွေအတွင်းက သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အချက်အလက်တွေကို ထည့်ပေါင်းထားခြင်း ရှိ၊ မရှိဆိုတာကိုတော့ မေးခွန်းထုတ်ရန်လိုအပ်လျက်ရှိတယ်လို့လည်း PPNM က ဆိုပါတယ်။





Thank you for your shening. I am worried that I lack creative ideas. It is your enticle that makes me full of hope. Thank you. But, I have a question, can you help me?