CNA၊ လင်းလင်း။
မောင်တောမြို့နယ်မတွင်းမှာ အကြမ်းဖက် ARSA အဖွဲ့ရဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့တာကြောင့် ခမီ လူမျိုး ၄ ဦးကို သေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ARSA အဖွဲ့တွေ ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ သူတွေကတော့ ခမီ လူမျိုးတွေ ဖြစ်ကြတဲ့ အိုဗြိုကျေးရွာက အသက် ၄၁ နှစ်အရွယ် ဦးမောင်ဘ၊ဂုပ္ပီကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်သာအေးကျော် ၊အောက်ဂန္ဒရူးကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီး နဲ့ မြဝတီကျေးရွာက အသက် ၁၉ နှစ်အရွယ် ကိုအောင်ထွန်းထွန်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီသတ်ဖြတ်ခံရသူတွေဟာ မတ်လ ၂၉ ရက်နေ့ မနက် မောင်တောမြို့နယ်၊ မြဝတီ ကျေးရွာကနေ အောက်ဂန္ဒရူးရွာသို့ သွားရာ လမ်းမှာ အကြမ်းဖက် ARSA တွေ ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတာ ဖြစ်တယ်လို့ မြဝတီကျေးရွာ ဒေသခံ တစ်ဦးကပြောပါတယ်။
“တောလမ်းအတိုင်းလာတော့ အာဆာအဖွဲ့တွေ နဲ့တွေပြီးတော့ လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာ။အလောင်းတွေကတော့ မယူတောင်၊ ဘဒဂါးတောင်ကျော်လမ်းမှာ စွန့်ပစ်ထားခဲ့တယ် ။ ဘယ်နေရာမှာ ဖမ်းခံရတယ်ဆိုတာ တော့မသိဘူး မျက်မြင်လည်း မရှိလိုက်တော့ ။ အာဆာအဖွဲ့တွေက တော့ အဲဒီအနီးတဝိုက်မှာ စခန်းချနေတာတွေတော့ရှိတယ်”လို့ သူကပြောပါတယ်။
အဲဒီသတ်ဖြတ်ခံထားရတဲ့ အလောင်း ၄ လောင်းကို သေနတ်ဒဏ်ရာ အချက်ပေါင်းများစွာ နဲ့ အတူ မတ်လ ၃၀ ရက်နေ့မှာ မယူတောင်၊ ဘဒဂါးတောင်ကျော်လမ်း တနေရာမှာ ဒေသခံတွေက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီနောက် သေဆုံးသူတွေကို အာရက္ခတပ်တော် ရဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီးတော့ ဒီသေဆုံးသူတွေဟာ အကြမ်းဖက် အာဆာလက်နက်ကိုင်တွေ နဲ့ သတ်ဖြတ်မှု ကြောင့် သေဆုံးခဲ့ရတာ ဖြစ်ကြောင်း အတည်ပြုပြေဆို ထားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်ရက်နေ့မှာ အကြမ်းဖက်သောင်းကျန်းသူတွေဖြစ်တဲ့ ARSAအဖွဲ့က တောင်ပြို – ကြိမ်ချောင်း ကားလမ်း မီးတိုက်ကျေးရွာအနီးကို ဆိုင်ကယ် နဲ့ကင်းလှည့်လာတဲ့ အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့တဲ့ အတွက် အကြမ်းဖက် ARSA အဖွဲ့တွေရဲ့ လက်ချက် နဲ့ အာရက္ခတပ်တော် ရဲ့ ရဲဘော် ၂ ဦးသေဆုံးခဲ့ရပါတယ်။
ဒီလို ဒေသ အတွင်းမှာ ပြည်သူတွေကို အကြမ်းဖက် လုပ်ရပ်တွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ARSA အပါအဝင် ARA ၊ RSO အဖွဲ့တွေကို အာရက္ခတပ်တော် အနေ နဲ့ ထိထိရောက်ရောက် နိုင်နှင်းတာတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ လည်း မောင်တောမြောက်ပိုင်းဒေသမှာ နေထိုင်နေတဲ့ ဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။
“ကျနော်တို့ နေရာတွေဆိုရင် အဲဒီ ARSA၊ARA ၊ RSO အဖွဲ့တွေ နဲ့ အမြဲတမ်းလိုလို ထိတွေ့နေရတဲ့ သူတွေလည်း ဖြစ်တယ် ဆိုတော့ အခုဆိုရင် လုံဝလုံခြုံမှု မရှိဖြစ်နေတယ်။ပစ်ခတ်သံတွေတော့ ကြားနေရတယ် အဓိကတော့ ဒီ ARSA၊ARA ၊ RSO အဖွဲ့တွေကို ထိထိရောက်ရောက်နှိမ်နင်းပေးစေချင်တယ်။ အဲဒါမှလည်း သွားလာရေးအတွက် အဆင်ပြေမှာ ဖြစ်တယ်”လို့ သူကတောင်းဆိုပါတယ်။
အဲဒီလိုပဲ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာလည်း အာဆာအဖွဲ့တွေ ရဲ့ သတ်ဖြတ်မှုကြောင့် မောင်တော ကနေ ရသေ့တောင် စေတီပြင်ရွာကို သွားတဲ့ ဒေသခံ ၃ ဦးကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့ရပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာ ရတာတွေလည်း ရှိခဲ့ရပါတယ်။