တော်လှန်ရေးတပ်တွေရဲ့ အပစ်ရပ်စဲရေး တောင်းဆိုချက်ကို လက်မခံဘူးလို ဧပြီလ ၁ ရက်နေ့မှာ ပြောဆိုခဲ့တဲ့ စစ်ကောင်စီဟာ ဒီနေ့ ဧပြီလ ၂ ရက်နေ့မှာတော့ ငလျင်သင့် ပြည်သူလူထုကို စာနာတဲ့အနေ နဲ့ ယာယီအပစ်ရပ်မယ်ဆိုပြီးတော့ ရုတ်တရက်ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ် (TNLA) နဲ့ အာရက္ခတပ်တော် (အေအေ)တို့ကတော့ အင်အားပြင်းငလျင်ဒဏ်သင့် ပြည်သူတွေကို ထိထိရောက်ရောက်ကူညီနိုင်ဖို့ အတွက် ခုခံကာကွယ်တာကလွဲလို့ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲတဲ့အကြောင်းကို ဧပြီလ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီလို ထုတ်ပြန်ကြေညာပြီးနောက်မှာပဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အနေနဲ့ လက်ရှိမှာတိုက်ပွဲဖော်ဆောင်နေတာမရှိပေမဲ့ စုဖွဲ့လေ့ကျင့် ပြင်ဆင်တာတွေရှိနေတာကြောင့် စစ်ကောင်စီ အနေ နဲ့ လိုအပ်တဲ့ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်သွားမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပြီးတဲ့ နောက်မှာပဲ ရုတ်တရက်ဆိုသလို ဒီနေ့ ဧပြီလ ၂ ရက်နေ့ ညနေမှာတော့ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို စာနာထောက်ထားတဲ့ အနေ နဲ့ ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
ဒီလို စစ်ကောင်စီ အနေ နဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် သတ်မှတ်ကြေညာထားပေမယ့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ တွေ နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက အများပြည်သူ သွားလာအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို နှောင့်ယှက်တိုက် ခိုက်တာ ထိခိုက်ပျက်စီးစေတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေတာ၊ လုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံ ရေးတပ်ဖွဲဝင်တွေရဲ့ တပ်စခန်းတွေကိုတိုက်ခိုက်တာ၊ တပ်ဌာနချုပ်တွေကိုနှောင့်ယှက် တိုက်ခိုက်တာ၊ အင်အားစုဆောင်းတာ ၊ ပြင် ဆင်စုဖွဲ့တာ၊ နယ်မြေချဲ့ထွင်တာတွေကို ဆောင်ရွက်လာခဲ့ရင်တော့ စစ်ကောင်စီ အနေ နဲ့လိုအပ်တဲ့ အရေးယူ တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီအနေ နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာလည်း တရုတ်နိုင်ငံကြက်ခြေနီအသင်းက မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ကာ လာတဲ့ကား ၉ စီးကို ပစ်ခတ်ခဲ့တာလည်း ရှိခဲ့ပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.