ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာပြည်သူတွေအနေနဲ့ ဒီကနေ့ ဧပြီလ ၄ရက်နေ့မှာ အနက်ရောင် အဝတ်အစားကိုဝတ်ဆင်ပြီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသဖို့ မြန်မာ့နွေဦးတော်လှန်ရေး လူထုသပိတ်အင်အားစုတွေက တိုက်တွန်းမှုတွေရှိနေပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် BIMSTECအစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီကနေ့ ဧပြီလ ၄ရက်နေ့မှာ အစည်းအဝေး တက်ရောက်ဖို့ရှိနေချိန်မှာ ယခုလိုတိုက်တွန်းမှုတွေရှိလာတာလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်တရားရုံးက ရာဇဝတ်ဝရမ်းထုတ်တာ၊ မြန်မာပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်တာနဲ့ ငလျင်ဘေးဒဏ်သင့်နေချိန်မှာလည်း အရပ်သားပြည်သူတွေကိုဆက်လက်သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေး တက်ရောက်ခွင့်ပြုတာဟာ မြန်မာနိုင်ငံက နစ်နာသူ ပြည်သူတွေကို စာနာမှုမဲ့ လျစ်လျူရှုခြင်းဖြစ်တယ်လို့ မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုတွေက ဆိုပါတယ်။
ဒါကြောင့် မင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့်ပြုတဲ့ BIMSTEC အစည်းအဝေးရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုတွေက ရှုတ်ချတယ်လို့ အသိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မနေ့ ဧပြီလ ၃ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်ရှိလာတာပါ။
ဒီအစည်းအဝေးမှာ အစိုးအဖွဲ့အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်အခြေအနေတွေ၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ယခုအစည်းအဝေးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုသွားတဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။
ဒီခရီးစဉ်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာဒေသတွင်း ဒီမိုကရေစီအင်အားစုအဖွဲ့အစည်းများစွာက ရှုတ်ချထားသလို၊ ထိုင်းနိုင်ငံသားတွေကိုယ်တိုင်ကလည်း မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ဆန္ဒပြရှုတ်ချမှုတွေရှိနေပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.