Home နိုင်ငံရေး စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ Rakhine Nationalities Partyဆိုကာ ပါတီသစ်တစ်ခုပေါ်ထွက်လာ

စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ Rakhine Nationalities Partyဆိုကာ ပါတီသစ်တစ်ခုပေါ်ထွက်လာ

12
0

အခုလာမယ့် စစ်ကောင်စီက ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတွက် (Rakhine Nationalities Party) ရခိုင်တိုင်းရင်းသားများပါတီ ဆိုတဲ့ အမည်သစ် နဲ့ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ အတွင် လျှောက်ထားတဲ့ ပါတီတစ်ခု ရှိလာနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

ဒီလို အသစ်လျှောက်လာတဲ့ ပါတီကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဆီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ ဖြစ်ခွင့်ရရှိရေးအတွက်ကို ဝင်ရောက်လျှောက်ထားလာတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒီပါတီကို Rakhine Nationalities Party ရခိုင်တိုင်းရင်းသားများပါတီကို ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်က ဦးဆောင်ကာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရခိုင်ပါတီအသိုင်းအဝိုင်းတွေက သုံးသပ်ပြောဆိုနေတာတွေ ရှိနေကြပါတယ်။ အဲဒီပြောဆိုမှုတွေ ကို CNA အနေ နဲ့ အတည်ပြုနိုင်ဖို့ အတွက် ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရ ရှိခဲ့ပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ အပိုင် လေးပိုင်းခွဲခြားပြီးတော့ ကျင်းပမယ်လို့ မတ်လ ၂၇ ရက်နေ့ကျရောက်ခဲ့တဲ့ နှစ်(၈၀) ပြည့် တပ်မတော်နေ့အခမ်းအနားမှာ ပြောဆိုထားခဲ့ပါတယ်။

လက်ရှိ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့် စစ်ကောင်စီရွေးကောက်ပွဲကို ရခိုင်ဒေသမှာ ကျင်းပပြုလုပ်နိုင်မှာဆိုတာ မဖြစ်နိုင်ဘူးလို့ လည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းတွေက သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here