Home သတင်း စစ်ရေး အင်းတော်မြို့ကို သိမ်းပိုက်နိုင်ဖို့ ၈ လကျော်ကြာ တိုက်ခိုက်ခဲ့ ရတယ်လို့ NUG ထုတ်ပြန်

အင်းတော်မြို့ကို သိမ်းပိုက်နိုင်ဖို့ ၈ လကျော်ကြာ တိုက်ခိုက်ခဲ့ ရတယ်လို့ NUG ထုတ်ပြန်

116
1
ပုံ - MOD

အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် တော်လှန်ရေး တပ်တွေ အနေ နဲ့ ၈ လကျော်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ အမျိုးသားညီ ညွ တ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက ဒီနေ့ ညနေမှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီအင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ြသဂုတ်လ ၁၅ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ ၈လ ကျော်အကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလ (၇) ရက်နေ့ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်းတော်မြို့ မြိူ့သိမ်းစစ်ဆင်ရေးဟာ ရက်ရှည်တိုက်ပွဲတခုဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေ အနေ နဲ့ စစ်ကူမရရှိတာ၊ မြေပြင်ကို လက်နက်ရိက္ခာထောက်ပို့ မပေးနိုင်တာ၊ထိခိုက်သေဆုံးမှု များပြားတာတွေကြောင့် နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှာရှိတဲ့ တပ်မမှူးဦးဆောင်တဲ့အဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ ဖိအားကို ရေရှည် တောင့်ခံနိုင်တာမရှိတော့တဲ့ အတွက် ဧပြီလ (၇) ရက်နေ့ညမှာ စခန်းကိုစွန်ခွါပြီးတော့ တပ်ဆုတ်သွားခဲ့ကြရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ အင်းတော်မြို့ဟာ စစ်ကောင်စီ ရဲ့ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်ပြီးတော့ တပ်မမှူးကိုယ်တိုင် ကွပ်ကဲခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပြီးတော့ လက်ရှိ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေမှု ရှိ မရှိဆိုတဲ့ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့ တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ မြို့သိမ်းတိုက်ပွဲမှာတော့ တော်လှန်ရေးတပ်တွေဟာ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် သိမ်းပိုက်ရရှိထားတဲ့ လက်နက် အရေအတွက် စုစုပေါင်း အသေးစိတ်ကို ဖော်ပြထားတာမရှိပါဘူး။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here