CNA ၊ လင်းလင်း။
စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ကနေပြီးတော့ မနေ့က ညနေ ၁၂ နာရီလောက်မှာ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို လုပ်ဆောင်ခဲ့တယ်လို့ စစ်တွေ ဒေသခံ တွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေက အဲဒီလို ပစ်ခတ်တိုက်ခိုက်တာတွေကိုလုပ်ဆောင်နေချိန်မှာဘဲ အာရက္ခတပ်တော်ကလည်း လက်နက်ကြီးတွေ နဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တွေ ဒေသကွပ်ကဲမှုစစ် ဌာနချုပ် (ဒကစ) ထဲကို လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲတာ ရှိခဲ့တယ်လို့ သိရှိထားရကြောင့် စစ်တွေ ဒေသခံ တစ်ဦးက CNA ကိုပြောပါတယ်။
“မနေ့က ည ၁၂ နာရီလောက်မှာ ဒကစ အနီးက အမြောက်တပ်ရင်းက လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာကို လုပ်ခဲ့တယ်။အဲဒီအချိန်မှာ အေအေ ကလည်း ပြန်ပစ်တာတွေ ရှိခဲ့တယ်။နှစ်ဖက်ပစ်ခတ်မှုကတော့ ၄၅ မိနစ်လောက်ကြာမယ်ထင်တယ်။ အေအေ ကပြန်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ဒကစ ထဲကို ကျရောက်ပြီးတော့ ပေါက်ကွဲတာ ရှိခဲ့တယ်လို့ သိရတယ်။ထိခိုက်မှု အခြေအနေကိုတော့ မပြောတတ်ဘူး”လို့ လည်း သူကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း စစ်တွေမှာ ရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေက လက်နက်ကြီးပစ်တာတွေကို မကြာခဏဆိုသလိုလုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံ တွေကပြောပါတယ်။
နောက်ထပ်စစ်တွေ ဒေသခံ တစ်ဦးပြောတာက ” အပစ်ရပ်ပြီးနောက်ပိုင်းမှာတော့ အဲဒီလောက်ထိ ပစ်တာတော့ မရှိဘူး ဒါပေမယ့် လုံးဝ ရပ်သွားတာမျိုးတော့မဟုတ်ဘူး အရင်တုန်းကဆိုရင် တနေကုန် ပစ်တာ အခုကတော့ တစ်နေ့ကို အချိန်ပိုင်း နဲ့ ပဲ ပစ်တဲ့သဘောရှိသွားတယ်”လို့ပြောပါတယ်။
ငလျင်ဘေးသင့်ပြည်သူလူထုအတွက် လူသားချင်းစာနာတဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ အကြား မိမိတို့ သဘောဆန္ဒအရ ယယီအပစ်ရပ်မယ်ဆိုကာ အသီးသီးထုတ်ပြန်ပြောဆိုတာရှိခဲ့ကြပါတယ်။
အဲဒီလို အပစ်ရပ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုတာတွေ ရှိနေခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ ရခိုင်မှာ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေ ရှိရာနေရာတွေကို ဒရုန်း၊လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေတယ့်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပြောဆိုတာတွေရှိနေသလို စစ်ကောင်စီကလည်း အာရက္ခတပ်တော်ကလည်း ကျောက်ဖြူမြို့ အရှေ့တောင်ဘက်က စစ်ကောင်စီရဲ့ လုံခြုံရေးစခန်းတွေကို ဧပြီလ ၇ရက် ညနေနဲ့ ညပိုင်းတွေမှာ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာရှိတယ်လို့ နှစ်ဖက်အပြန်အလှန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?