Home နိုင်ငံရေး ရွေးကောက်ပွဲ လာမယ့်ဒီဇင်ဘာမှာ ကျင်းပနိုင်ရေးအတွက် ပါတီတည်ထောင်ခွင့်တွေ လျှောက်ကြဖို့ စစ်ကောင်စီတိုက်တွန်းနေ

ရွေးကောက်ပွဲ လာမယ့်ဒီဇင်ဘာမှာ ကျင်းပနိုင်ရေးအတွက် ပါတီတည်ထောင်ခွင့်တွေ လျှောက်ကြဖို့ စစ်ကောင်စီတိုက်တွန်းနေ

53
0

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ အတွက် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို အမြန်ဆုံးလာရောက်လျှောက်ထားကြဖို့ စစ်ကောင်စီ‌က ဧပြီလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာကာ တိုက်တွန်းခေါ်ယူနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတရပ်ကို တည်ထောင်လိုသူတွေ အနေ နဲ့ အနည်းဆုံး လူဦးရေ ၁၅ ဦး ရှိရမှာ ဖြစ်ပြီးတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဉပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (က) နဲ့ အညီ မေလ ၉ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့ လာရောက်လျှောက်ထားကြဖို့ကို စစ်ကောင်စီက တိုက်တွန်းခေါ်ယူနေတာလည်း ဖြစ်ပါတယ်။

အဲဒီလို လာရောက်လျှောက်ထားတဲ့ ပါတီတွေကိုလည်း စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ဉပဒေ နဲ့ အညီ စီစစ်ဆောင်ရွက်ပြီးတော့ ပါ တင်မှတ်ပုံတင်ခွင့်ကို ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီဟာ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းမှ, အပိုင်းလေးပိုင်းခွဲပြီးတော့ ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၂၅ ရက်မှာ ပြောဆိုထားခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို စစ်ကောင်စီ အနေ နဲ့ မဲများသူအနိုင်ယူစနစ် (FPTP)နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR)ပေါင်းစပ်ကာ ကျင့်သုံးမယ်လို့လည်း စစ်ကောင်စီကထုတ်ပြန်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာတော့ ရခိုင်ကိုယ်စားပြု အနေ နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် (Rakhine Nationalities Party) ရခိုင်တိုင်းရင်းသားများပါတီ ဆိုတဲ့ အမည်သစ် နဲ့ ပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတာ ရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဒီ (Rakhine Nationalities Party) ရခိုင်တိုင်းရင်းသားများပါတီ ကို ANP ပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ် ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ ဦးဘရှိန်က ဦးဆောင်ကာ လျှောက်ထားတာ ဖြစ်တယ်လို့ ရခိုင်နိုင်ငံရေး ပါတီအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုတာတွေရှိနေပေမယ့် ဦးဘရှိန်ကတော့ လက်ရှိမှာ ဒီကိစ္စ နဲ့ ပတ်သက်ပြီးတော့ ပြောစရာစကား မရှိသေးဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ရခိုင်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ Arakan National Party (ANP)ပါတီကို ရွေးကောက်ပွဲ ပါဝင်ခွင့် အတွက် မှတ်ပုံတင်ခွင့် ပယ်ချထားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here