Home သတင်း စစ်ရေး ဖလမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က စစ်လက်နက် နဲ့ စစ်ရေး အကြံပေးတာလုပ်ဆောင်ပေးခဲ့

ဖလမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က စစ်လက်နက် နဲ့ စစ်ရေး အကြံပေးတာလုပ်ဆောင်ပေးခဲ့

39
0

CNA၊လင်းလင်း။

ချင်းပြည် ၊ ဖလမ်းမြို့တစ်ခုလုံးကို ဧပြီလ ၉ ရက်နေ့မှာ အပြီးသတ် သိမ်း ပိုက်လိုက်ပြီးဖြစ်တယ်လို့ ချင်းညီနောင် အဖွဲ့က ဒီနေ့မှာသတင်းထုတ်ပြန်ပြော ဆိုလာပါတယ်။

အဲဒီဖလမ်းမြို့ စစ်ဆင်ရေးကို ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အဖြစ် သတ်မှတ်ပြီးတော့ပူးပေါင်းတပ်တွေ နဲ့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ၂၀၂၄ ခု နှစ် နိုဝင်ဘာလ ၉ ရက်နေ့ကပင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် ထိုးစစ်ဆင်မှု ၅ လပြည့် ဧပြီလ ၉ ရက်နေ့မှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကလည်း အဲဒီမြို့ မကျရှုံးစေရေးအတွက် ဖလမ်းမြို့မှာရှိတဲ့ ခလရ – ၂၆၈တပ်ရင်းမှာ ရှိတဲ့ အင်အားတွေ အပြင် ခလရ – ၈၉မှာ ရှိတဲ့ စစ်ကူအင်အားတွေကို ပေးပို့ကာ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒါတွေ အပြင် ၂၀၂၅ ခုနှစ်မတ်လ အတွင်းမှာလည်း စစ်ကောင်စီ တပ်မ (၇၇)လက်အောက်ခံ ခလရ – ၃၉၁ ကလည်း စစ်ကူအင်အား ရာကျော်ကို အကြိမ်ကြိမ် ပေးပို့ခဲ့ပြီးတော့ ခိုခံတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့သလို လေ ကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀၀၀ ကျော်နဲ့လည်း ခုခံတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဖလမ်းမြို့တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ်ဖော်ဆော င် နိုင်ခဲ့တာဟာ ချင်းညီနောင်အပါအဝင် မဟာမိတ်တပ်တွေက. မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေ နဲ့ ကြံကြံခိုင်ထိုးစစ်ဆင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ခဲယမ်းစစ်လက်နက်တွေ နဲ့ စစ်ရေးဆိုင်ရာ အကြံပေးမှုတွေလုပ် ဆောင်ပေးခဲ့တဲ့ အာရက္ခတပ်တော် နဲ့ တစိုက်မတ်မတ် နဲ့ ထောက်ပို့လုပ်ငန်း တွေမှာ ပါဝင်ခဲ့ကြတဲ့ မိဘပြည်သူတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ ချင်းညီနောင်အဖွဲ့က ဆိုထားပါတယ်။

အဲဒါတွေ အပြင် တိုက်ပွဲအတွင်းမှာ အသက်ပေးသွားခဲ့ရတဲ့ အာဇာနည်သူရဲ ကောင်းတွေ ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေ နဲ့ တိုက်ပွဲအတွင်းမှာ အောင်ပွဲရအောင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲ ဝင်ခဲ့ကြတဲ့ တပ်မှူး၊တပ်သားတွေကိုလည်း လေ့စားဂုဏ်ပြုတယ်လို့လည်း ဆိုထားပါတယ်။

ချင်းညီနောင် အဖွဲ့တွေ အနေ နဲ့လည်း စစ်အာဏာရှင် ကျဆုံးရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ မဟာမိတ်တွေ နဲ့ အတူ ဆက်လက်တိုက်ပွဲဝင်ဆင်နွဲသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here