မနေ့က ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အာရက္ခတပ်တော် တည်ထောင်ခြင်း ၁၆ နှစ်ပြည့် အာရက္ခတပ်တော်နေ့ အခမ်းအနားကို လူမှုအဖွဲ့အစည်းတွေ နဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂၇ ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ အသီးသီး ပေးပို့ခဲ့ကြတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီလို သဝဏ်လွှာပေးပို့ခဲ့ကြတဲ့ အဖွဲ့တွေကတော့ ညီနောင်မဟာမိတ်တပ်တွေ ဖြစ်ကြတဲ့ တအင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA )အပါအဝင် ဒေါင်းစစ်သည်စစ်ကြောင်း၊ပြည်သူ့တော်လှန်ရေးတပ်ဦး၊ပြည်သူ့ကာကွာ်ရေးတပ်မတော်(မန္တလေး)၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ယောတပ်တော်၊အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊PRA – Magway၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ချင်းညီနောင်၊ပြည်သူ့ညီညွတ်ရေးတပ်ဦး၊ဗမာအမျိုးသားတော်လှန်ရေးတပ်တော်(BNRA)၊ဗမာတပ်တော်၊ပြည်သူ့လက်ရုံးတပ်၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ရက္ခိုင်အစည်းအရုံး(ဂျပန်)၊ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်၊အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်၊ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၊ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ၊ကြားကာလခူးမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(ဧရာဝတီ PDF)၊ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့(MBDF)၊မွန်ပြည်လွတ်မြောက်ရေးတပ်တော် တို့က ပေးပို့ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခုလို သဝဏ်လွှာများပေးပို့လာကြတဲ့ အဖွဲ့အစည်းများအားလုံးကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အနေ နဲ့ အာရက္ခပြည်သူလူထုတွေ ရဲ့ ကိုယ်စား အထူးကျေးဇူးတင်ရှိပြီးတော့ပေးပို့လာကြတဲ့ အဖွဲ့အစည်းအသီးသီးတိုင်းဟာလည်း စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် အောင်မြင်ပါစေလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ပြန်လည်ဆုတောင်းပေးကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။
အာရက္ခတပ်တော်ဟာ ၂၀၀၉ ခုနှစ် ဧပြီလ (၁၀) ရက်နေ့မှာ KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမှာ လူငယ် ၂၆ ဦး၊ သေနတ် တစ်လက်နဲ့ စတင်တည်ဆောက်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပြီးတော့ လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ တပ်ရင်း တစ်ရင်းကို စစ်သည်တော် ၃၀၀လောက်နဲ့ထားရှိပြီး တင်ရင်းပေါင်း ရာနဲ့ ချီတဲ့ စစ်သည် အင်အားလည်း ရှိနေပြီလည်းဖြစ်ပါတယ်။
ဒါ့အပြင် ၁၆ နှစ်တာ ကလသာ ရှိသေးတဲ့ အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်းမှာ ရခိုင်ပြည်အတွင်းမှာ အနှစ်နှစ်အလလက တပ်စွဲနေထိုင် နေတဲ့ စစ်ကောင်စီတပ်ရင်း ၊ဗျူဟာ စခန်းတွေက စစ်ကောင်စီတပ်သားတွေကို မောင်းထုတ်ကာ ပလက်ဝဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက် ရရှိထားပြီလည်း ဖြစ်ပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
посмотреть на этом сайте vodka bet casino