ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကို မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က တွေဆုံဆွေးနွေးတာတွေ ရှိခဲ့ပြီးတော့ နှစ်ဘက်လုံးက အပစ်အခတ်ရပ်စဲရေးကို ဆက်လက် သက်တမ်းတိုးကြဖို့ကို တိုက်တွန်းပြောဆိုတာခဲ့တယ်လို့ဆိုပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လူချင်းတွေ့ဆုံခဲ့တာ ဖြစ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ အွန်လိုင်းကနေတဆင့် ဒီနေ့ ဧပြီလ ၁၈ ရက်နေ့မှာတွေ့ဆုံခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲတဲ့ ငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတာရှိပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေ ဆောင်ရွက်နိုင်ဖို့လိုအပ်တာကြောင့် အခုလို နှစ်ဖက်လုံး အနေ နဲ့ တိုက်ပွဲတွေကို ဆက်လက်ရပ်တန့်ဖို့ အတွက်ကို တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ထိုင်းနိုင်ငံ သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု ကူညီမူတွေကို ပြည်သူတွေဆီကို အမြန်ဆုံးရောက်ရှိနိုင်ဖို့ အတွက်ကိုလည်း အဓိက ထားဆွေးနွေးတာတွေကို လုပ်ဆောင်ခဲ့သလို အမျိုး သားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့လည်း မလေးရှားနိုင်ငံမှာ လူချင်းတွေ့ဆုံဆွေးနွေးဖို့ ကိစ္စရပ်တွေကိုလည်း ပြောဆိုခဲ့တာ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် NUG အနေ နဲ့လည်း ဒီတွေ့ဆုံပွဲအတွင်း မှာ မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး ကိစ္စ၊ အာဆီယံဥက္ကဌ နဲ့ တကွ အဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့လည်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ လည်း NUG ကသတင်းထုတ်ပြန်ပြေဆိုထားပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.