ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေတဆင့် ၄ ကြိမ်တိုင်တိုင် လေကြောင်းက ဗုံးအလုံးရေ ၁၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁ ဦးသေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ကနဦး သတင်းတွေ အရ သိရပါတယ်။
စစ်ကောင်စီဟာ ကျောက်တော်မြို့ကို ဒီနေ့ ဧပြီလ ၁၉ ရက်နေ့မနက် ၂ နာရီကပင် မနက် ၃ နာရီဝန်းကျင်ထိ ၄ ကြိမ်တိုင်တိုင် လေကြောင်းကနေ တဆင့် ပေါင် ၅၀၀ ဗုံး တွေ နဲ့ ကြဲချတိုက်ခိုက်တာ ဖြစ်ပြီးတော့ ပြည်တော်သာရပ်ကွက် နဲ့ ချမ်းရွာဖက်ကို ကျရောက်ပေါက်ကွဲကာ အခုလို အရပ်သား ၁ ဦးသေဆုံးပြီးတော့ ၂၀ နီးပါးထိခိုက်ဒဏ်ရာ ရရှိခဲ့ရတာ ဖြစ်တယ်လို့ ဒေသ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“မနက်ပိုင်း လူတွေ အိပ်မောကျနေချိန်မှာ လာကြဲသွားတာပါ။ပေါင် ၅၀၀ ဗုံး ပြီးတော့ လေယာဉ်ပေါ်က အတွဲလိုက်ဒုံးတွေ နဲ့ လည်း ပစ်ခတ်ခဲ့ပါတယ်။လောလောဆယ် ကျနော်တို့ သိထားရသလောက်စာရင်းကတော့ တစ်ယောက်ပွဲချင်းပြီးသေတယ်။နောက် ၂၀ နီးပါးလောက်က ထိခိုက်ဒဏ်ရာ ရတယ်။ လူနေအိမ်တွေလည်း တော်တော် ပျက်စီးသွားတယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရတဲ့ သူတွေကို အာရက္ခတပ်တော်က ဆေးဝါးကုသပေးတာတွေ လုပ်ဆောင်နေပြီးတော့ အသေးစိတ်အချက်အလက်တွေကိုတော့ ကောက်ယူနေဆဲ ဖြစ်တယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့ လည်း စစ်ကောင်စီဟာ ကျော်တော်မြို့ကို လေကြောင်းကနေတဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံး နဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ ကျော်ထက်မနည်း ပျက်စီးသွားခဲ့ရပြီး အရပ်သား ၂ ဦးဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။
စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့ ကပင် ၂၂ ရက်နေ့ထိ ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာထောက်ထားတဲ့အနေ နဲ့ အပစ်ရပ်ကြောင်းထုတ်ပြန်ကြေညာထားပေမယ့် ရခိုင်ဒေသမှာတော့ စစ်ကောင်စီဟာ နယ်မြေ ပြန်ရလိုစိတ် နဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာ လေကြောင်းတိုက်ခိုက်တာ စတာတွေကို စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://accounts.binance.com/kz/register?ref=K8NFKJBQ